Professional Authors

တုနှိုင်းမမှီ ဒို့ဖခင်

v\:* {behavior:url(#default#VML);}
o\:* {behavior:url(#default#VML);}
w\:* {behavior:url(#default#VML);}
.shape {behavior:url(#default#VML);}

ပြင်သစ် ကမ္ဘာကျော် နပိုလီယံလို ကမ္ဘာ့စစ်တလင်းမှာ

စစ်ဘုရင်ဖြစ်သော်လည်း ၀ါတာလုရဲ့ စစ်မြေပြင်မှာ ရင်နစ်အောင်

ညဉ်းတွားသံနဲ့ စစ်ရှုံးခဲ့သူလို မဟုတ်

ကမ္ဘာအသင်္ချေ ရန်ငြိုးတွေဖွဲ့ စကြာဝဠာ စစ်တလင်းမှာ

ငါနိုင်မည်ဟု အထင်တွေနဲ့

                          စစ်ခင်းလာသူ မာန်မင်းနဲ့အပေါင်းသင်းတွေကို                         

အောင်မြင်ခဲ့သူ တုနှိုင်းမရ ဘဂ၀ါရှင် ဒို့ ဖခင်။

 

ဆိုဗီယက် ကမ္ဘာကျော် ဇာဘုရင်လို တင်းလွန်သော စည်းမျဉ်းနဲ့

အမှားတကွက်ရယ်ကြောင့် အရှုံးနဲ့ ဘ၀နိဂုံးမလှခဲ့သူလို မဟုတ်

စည်းဝိုင်းဝန်းကျင် အမှတ်သားတခုရဲ့ နန်းအတွင်းမှာ မာန်မာန အဟုန်နဲ့

နယ်ပယ်ကျဉ်းထဲက မင်းဘီလူး အာဠာဝကကို

အောင်မြင်ခဲ့သော တုနှိုင်းမရ ဘဂ၀ါရှင် ဒို့ဖခင်။

 

ဂျာမန် ကမ္ဘာကျော် ဟစ်တလာလို နာဇီကြိုးကိုင်ကာ အကြင်နာကင်းသော

အမုန်းလက်နက်နဲ့ နိဂုံးမလှခဲ့သူလို မဟုတ်

အယူမှား ဒိဌိ တိတ္ထိတို့ စိတ်ဓာတ်နဲ့ စိဉ္စမာန၀ိကရဲ့ အရှက်မဲ့ မာယာယှက်နွယ်ကာ

အမုန်းလက်ညှိုးဖြင့် အသွင်ခိုးစေဖို့ ပရိသတ်အလယ် ကြေညာသတင်းနဲ့

ဝန်ခံခိုင်းစေသော်လည်း အမှန်တရား ၀ိဇ္ဇာများဖြင့်

အောင်မြင်ခဲ့သူ တုနှိုင်းမရ ဘဂ၀ါရှင် ဒို့ဖခင်။

 

တရုတ် ကမ္ဘာကျော် မော်စီတုန်းလို ကွန်မြူးနစ်စနစ်

ချုပ်ကိုင်ပဲ့တင် လူသတ်ပြင်သို့ လွှမ်းမိုးချင်လည်း နေ၀င်နိဂုံး

ဘ၀ဒဿန ဆုံးခန်းသမိုင်းမလှခဲ့သူလို မဟုတ်ဘူး

အတုလ နေရာကို ကြိမ်းမောင်းကာ လုမည် ဟဲ့… လို့

ပေါင်းသင်းလာ မင်းကုမာရ အဇာတသတ်နဲ့

လုပ်ကြံသူ ဒေ၀ဒတ်ရဲ့ ဇာတ်ထုတ်လာ နာဠာဂီရိကို

အောင်မြင်ခဲ့သူ တုနှိုင်းမရ ဘဂ၀ါရှင် ဒို့ဖခင်။

 

ရှရုား ကမ္ဘာကျော် လီနင်ဂရက်စ်လို ၀ါဒတခု အတွေးစိတ်နဲ့

ကမ္ဘာ့အသိုင်းဝိုင်းအလယ် ၀င်ဆန့်ဖို့ လွှမ်းမိုးချင်သော်လည်း

အဆုံးသတ် ဘ၀နိဂုံး မလှခဲ့သူလို မဟုတ်ဘူး

အသိုင်းဝိုင်းက ရိုက်ခတ်သံတွေနဲ့ ကြိုးဝါးသံမစဲ သွေးပျက်ရူးသွပ်သော

လူသတ် လက်ညှိုးလည်းဖြတ် ပြေးအားလည်းကောင်း

ငါ့ပန်တိုင်ရောက်မည်…ဟဲ့…လို့  ကြိုးဝါးသံ လွှမ်းမိုးမှုက

ကမ္ဘာဟီးတိုက်နေခိုက် မနေသာ ရွှေနန်းထက်က ဆင်းသက်ကာ

အဖြေမှန်ရှာပေးခဲ့ အောင်မြင်ခဲ့သူ တုနှိုင်းမရ ဘဂ၀ါရှင် ဒို့ဖခင်။

 

အီရတ် ကမ္ဘာကျော် မိုဟာမက်လို အစွန်းရောက် အတွေးခေါ် ၀ါဒတခုနဲ့

သွေးစွန်းလက်ဖြင့် အိုစမာဘင်လာဒင်လို အတွေးခြောက်ကို

တပည့်မြှောက်လို့ အာဖဂန်မှာ သွေးချောင်းပမာ ဖြစ်ခဲ့လို့

ဘ၀ဒဿန အဆုံးမှာတော့ နိဂုံးမလှခဲ့သူလို မဟုတ်ဘူး

အရှေ့ အနောက် အရပ်လေးမျက်နှာ လှည့်လယ်ကျက်စား ၀ါဒတခု

အနိုင်ရဖို့ တပည့်ကိုထုတ် ယှဉ်ပြိုင်ခဲ့သူ သစ္စကကို

အောင်မြင်ခဲ့သူ တုနှိုင်းမရ ဘဂ၀ါရှင် ဒို့ဖခင်။

 

 

ဂျပန် ကမ္ဘာကျော် စစ်ပညာရှင်တွေလို ဒုတိယ ကမ္ဘာ့စစ်မှာ

မုန်းမာန်ဖွဲ့သော နဂါးတကောင်ရဲ့ မျက်စောင်းပမာ

မီးဟုန်းဟုန်း တောက်လောင်နေသော စစ်တလင်းမှာ

နေမ၀င် အင်ပါယာ ပျောက်ဆုံးခဲ့သူလို မဟုတ်ဘူး

အများပြော အဟောဖြစ် တသော့သော့ ရိုက်ခတ်နေသော

ဝန်ကျင်အတွင်းမှာ နဂါးအမောက်ထောင်နေသလို

မာန်မာန အငြိုးတွေဖြင့် အဆိပ်မီးခိုးနဲ့ မိုက်မဲသူ

နဂါမင်း နန္ဒောပနန္ဒကို အောင်မြင်ခဲ့သူ တုနှိုင်းမရ ဘဂ၀ါရှင် ဒို့ဖခင်။

 

 

ကမ္ဘာလူသားတွေကို အမှားတွေဖော်ပြ ယူကျိုးမရသော နိဂုံးမလှသူလို မဟုတ်

အယူက မိစ္ဆာဒိဌိ မူက ဗြဟ္မာပြည်ထိ အမှားတွေနဲ့

အသင်္ချေအနန္တတိုင် စိတ်ကြီးဝင်လာသူ ဗကဗြဟ္မာကို

အောင်မြင်ခဲ့သူ တုနှိုင်းမရ ဘဂ၀ါရှင် ဒို့ဖခင်။….

 

တက္ကသိုလ်မြတ်မင်း 

 

In: ကဗျာ Posted By: Date: Sep 9, 2011
Comment #1

လေးစားပါတယ်ဗျာ
ဒီလို ကဗျာကောင်းလေးတွေ ရေးတာ….
တကယ်ကောင်းတဲ့ ကဗျာလေးပါ
အားပေးသွားပါတယ်…။ ။

commentinfo By: ကေသရီ at Sep 10, 2011
Comment #2

အားပေးပါတယ်

commentinfo By: mgchannaye at Sep 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment