Professional Authors

လက်တွဲခရီးဆက်စို့

 

ရည်ရွယ်ရာ အိပ်မက်ရဲ့

မျှော်လင့်ဆဲ မနက်ဖြန်အတွက်

လေလွင့်ရာ အတွေးတွေကို

ပျော်ရွှင်ခွင့် လက်ကျန်နဲ့

တည်ဆောက်ရာ ဘဝအိမ်ထဲ

မရေရာ ချစ်ခြင်းများက

သံသယ နှောင်အိမ်တွင်းသို့

ဝေးကွာသလို ဆုတောင်းခဲ့

သံယောဇဉ် မြေကွက်တွင်းမှာ

ခိုင်မြဲလျက် သူဖြတ်တောက်

နှလုံးနာသော မျက်ရည်မြစ်မှာ

ချစ်ခြင်း သောကမီးနဲ့

အကြောင်းသိတော့ နယ်လွန်ခဲ့ပြီ

ရှေ့ဆက်မရဲ တွေဝေလျက်ပဲ

ဝေးမှာလည်းကြောက် ပြေးပေါက်လည်းပျောက်

ကိုယ်ဆီအသိ တွယ်ငြိမိခဲ့

ချစ်ခြင်းစီမံရာထဲ ကံတရားနဲ့

သံသရာလွင်ပြင်မှာ ရှေ့ဆက်ကြဖို့

လက်တွဲကြစို့ ညီမငယ်….။  

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Sep 8, 2011
Comment #1

title is the best

commentinfo By: ei lay at Aug 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment