Professional Authors

လက်တွဲဖော်

အဲဒီမိုးဥတု လှလှလေးပေါ့

ကြာသပတေးနက္ခတ်မှာ

ဆောင်းနှင်းစက်တွေ ခြုံလွှမ်း

ပေါင်းကူးလမ်းလေးရဲ့ အနမ်းနဲ့

ကမ်းနှစ်ဖက်ကို ရင်ဘတ်တစ်ခု ဖြစ်စေသူ

 

ချစ်ကြပြီဆိုမှဖြင့် ..…..

စကြဝဠာကို လွယ်ပြီးလျှောက်

ဝင်ရိုးစွန်းထိ နေ့ချင်းပေါက်ပေါ့

တို့တွေ တို့တွေ ……..

သမုဒ္ဒရာမြောက်စီးဆင်း

သီချင်းနဲ့ ကဗျာ .. ကဗျာနဲ့ သီချင်း

အဲဒါ မင်းမှမင်းပါပဲကွယ်

 

တိမ်တွေရဲ့ ပန်းနုရောင်ကင်းဗတ်စ်

ဘယ်တော့မှ မပျက်မဲ့သစ္စာဆေးသားနဲ့

တို့နှစ်ယောက်ရဲ့ ပုံရိပ်လေးခြယ်မှုန်း

နတ်ပန်းချီတောင် ရှုံးလောက်ရဲ့

ချစ်ရတဲ့ ပူးနတ်ဖုရားမလေးရေ

တကိုယ်ရည် တကာယ လွမ်းဆွတ်မှုမှာ

နေလတို့ရဲ့ အလင်းရောင် ခဝါချရှာပေါ့

 

အမုန်းတို့ ခြေပင်မကျူးကျော်စေရ

ဒီမြေရဲ့ သာယာအေးချမ်းမှုမှာ

ငါ နမ်းချင်သော ကြယ်ပွင့်လေး

အဝေးမှာ …. မဖူးပဲ ငါ့ရင်မှာ ဖူးစေ

ရင်အစုံနဲ့ ဖြန့်မိုး ဆုတောင်း

အချစ်တို့ လာခြင်းကောင်းပါစေ

 

သိပ်ချစ်ရတဲ့ ကောင်မလေးရေ

ပန်ဒိုရာရဲ့ သေတ္တာလေးထဲက မျှော်လင့်ချက်

ကို့ နှလုံးသားထဲက မင်း

ရှင်သန်မှုရဲ့ လျှို့ဝှက်ခြင်းတွေပေါ့

 

ဟိုးးးး အရှေ့ဆီမှာ မြို့ပြသစ်

တံခါးတစ်ချပ်နဲ့ပဲ ဖွင့်လှစ်ထားတာပါ

ကိုရယ် မင်းရယ် နှစ်ယောက်တွဲ ခိုဝင်

သံသရာဆုံးတိုင် ခရီးနှင်ဖြတ်သန်း

တွဲလက်တွေ ထာဝရမဖြုတ်စတမ်းပေါ့ကွယ် ……

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Apr 19, 2012
Comment #1

အမုန်းတို့ ခြေပင်မကျူးကျော်စေရ

ဒီမြေရဲ့ သာယာအေးချမ်းမှုမှာ

ငါ နမ်းချင်သော ကြယ်ပွင့်လေး

အဝေးမှာ …. မဖူးပဲ ငါ့ရင်မှာ ဖူးစေ

ရင်အစုံနဲ့ ဖြန့်မိုး ဆုတောင်း

အချစ်တို့ လာခြင်းကောင်းပါစေ

အလွန်နှစ်သက်မိသောနူးညံခြင်း…. 🙂

commentinfo By: terry at Apr 20, 2012
Comment #2

ချစ်ကြပြီဆိုမှဖြင့် ..…..

စကြဝဠာကို လွယ်ပြီးလျှောက်

ဝင်ရိုးစွန်းထိ နေ့ချင်းပေါက်ပေါ့

တို့တွေ တို့တွေ ……..

သမုဒ္ဒရာမြောက်စီးဆင်း

သီချင်းနဲ့ ကဗျာ .. ကဗျာနဲ့ သီချင်း

အဲဒါ မင်းမှမင်းပါပဲကွယ်

တော်တော်နူးညံ့တဲ့ လက်တွဲဖော် ပါ 🙂

commentinfo By: နတ်သမီး at Apr 24, 2012
Comment #3

ကျွန်တော်။နှစ်သက်မြတ်နိုးစွာ..အားပေးသွားပါတယ်ခင်ဗျာ
တကယ်နူးညံ့သော..အချစ်ကဗျာလေး

commentinfo By: အသဲကွဲ မိုး at May 13, 2012
Comment #4

excellent

commentinfo By: ei lay at May 13, 2012
Comment #5

အမုန်းတို့ ခြေပင်မကျူးကျော်စေရ

ဒီမြေရဲ့ သာယာအေးချမ်းမှုမှာ

ငါ နမ်းချင်သော ကြယ်ပွင့်လေး

အဝေးမှာ …. မဖူးပဲ ငါ့ရင်မှာ ဖူးစေ

ရင်အစုံနဲ့ ဖြန့်မိုး ဆုတောင်း

အချစ်တို့ လာခြင်းကောင်းပါစေ…

ခံစားသွားတယ်နော်….

commentinfo By:ံ့မြူ ခိုး တိမ် at Aug 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment