Professional Authors

ရင်နွေး

ဆေးဝါးတွေကို စွဲလန်းနေသူကို
ဆေးသမားလို့ခေါ်ရင်
မင်းကို စွဲလန်းနေတဲ့ ငါ့ကို
ဘယ်လိုခေါ်ဆိုရမှာပါလဲ

ရင်နွေး
မင်းဖတ်ချင်ရဲ့လားမသိပေမယ့်
မင်းကိုရည်ညွှန်းပြီး ဒီကဗျာကိုရေးပါတယ်
ဒါထက် မင်းကို ဒီလိုနာမ်စားသုံးတာ
သဘောကျပါရဲ့လား
ငါ့ ရင်ကိုနွေးထွေးစေလွန်းသူမို့
မင်းနဲ့တော့ လိုက်ဖက်နေပါရဲ့

ရင်နွေး
ငါက ရောင့်ရဲတတ်သူတော့
မဟုတ်လှပေမယ့်
မင်းနဲ့ပတ်သက်ရင်တော့
အစိတ်အပိုင်းသေးသေးလေးတွေဖြစ်ဖြစ်

ကျေနပ်မိပါရဲ့..

ရင်နွေး
မနာလိုစိတ်လုံးဝမရှိတာ
ဘာကြောင့်ပါလဲ
“အဟား .. သဘော .. သဘော”လို့
လိုက်လျောပြောဆိုတတ်တာကိုတော့
သဘောကျမိပါတယ်

ရင်နွေး
ကဗျာတွေကို
ချစ်တတ်တယ်မဟုတ်လား
“ဂျူး မဖတ်ဖြစ်ဘူး”လို့ ပြောတုန်းကတော့
ပြုံးမိသွားတာ ဝန်ခံပါရစေ

ရင်နွေး
လူတွေဟာ စွဲလန်းစိတ်နဲ့
ဖြစ်တည်ရှင်သန်ကြတယ်လို့ ဆိုကြပါတယ်
မင်းဘာကို စွဲလန်းချစ်ခင်ပါသလဲ
ငါ သိချင်လျက်နဲ့ မမေးခဲ့

ရင်နွေး
ဆေးဝါးတွေကို စွဲလန်းနေသူကို
ဆေးသမားလို့ခေါ်ရင်
မင်းကို စွဲလန်းနေတဲ့ ငါ့ကို
ဘယ်လိုခေါ်ဆိုရမှာပါလဲ

ငါ သိချင်လှပါတယ်
ကျေးဇူးပြုပြီး
ရင်နွေး ဖြေပါ … ။

In: ကဗျာ Posted By: Date: Sep 26, 2011
Comment #1

ရင်နွေး ဘယ်လို ဖြေမလဲ သိချင်တယ်ဗျာ
ကဗျာ က ကောင်းတယ်ဗျာ ရင်နွေး ရင်တော့ ထိမှာသေချာတယ်

Comment #2

အမေးရှိရင် အဖြေကရှိလာမှာပါ
ရင်နွေး နှင်. သားသား တို.နှစ်ယောက်
အကောင်းဆုံးတွေ ဖြစ်လာဖို.
ဆုတောင်းပေးလိုက်ပါတယ်

commentinfo By: k nge lay at Sep 27, 2011
Comment #3

ကျေးဇူးပါဗျာ…….. 🙂 ညီအစ်ကိုတို့

commentinfo By: သားသား at Sep 27, 2011
Comment #4

အဖြေရရင်သိချင်ပါတယ်ဗျို့…
….
သားသား…အမ အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Sep 27, 2011
Comment #5

ဟီးးးး 😀
အစ်မတော်ကြီးမင်္ဂလာပါဗျို့
လာအားပေးတာကျေးဇူး 🙂

commentinfo By: သားသား at Sep 27, 2011
Comment #6

ရင်နွေး..ရေ…….
ဖြေပေးလိုက်ပါဗျို့……

commentinfo By: poem.poem28 at Sep 29, 2011
Comment #7

အဟဲ ကျတော်လည်းမေးနေတုန်းဗျ..အားပေးတာကျေးဇူးပါ ဗျ 🙂

commentinfo By: သားသား at Sep 29, 2011
Comment #8

🙂 …
ရင်နွေး … 🙂

commentinfo By: Nge Lay at Oct 9, 2011
Comment #9

ကောင်းပါတယ်
သားသားရဲ့ရင်နွေး

Comment #10

heart hti twar pyan p.
khaw pone lay ko ka yin khone sa yar
he,,he,,

commentinfo By: ei lay at Nov 8, 2011
Comment #11

heart hti twar pyan p.
khaw pone lay ko ka yin khone sa yar
he,,he,,
taw taw chit phoe kaing lar hin?
tway chin like tar yin nway ye.

commentinfo By: ei lay at Nov 8, 2011
Comment #12

yin nwe ,,,,,,,,,,,,yin nwe,,,,,,,,,,,,
super likeeeeeeeeeeeeeeeeeeee

commentinfo By: ei lay at Dec 31, 2011
Comment #13

ဟားဟား.. ရှက်စရာကြီး..
သားသားဆိုတဲ့လူ.. ဒီကဗျာက ကျမ ဘလော့မှာ ရေးထား တင်ထားတာ ကြာလှပါပြီ..
http://www.nangnyi.com/blog/2009/10/%E1%80%9B%E1%80%84%E1%80%B9%E1%80%B1%E1%82%8F%E1%80%BC%E1%80%B8/ ဒီမှာ အောက်တိုဘာ ၂၀၀၉ ကတည်းက..
သူများ ကဗျာကို ခိုးချပြီး ကိုယ့်ကဗျာလိုလို လုပ်ထားတယ်.. အဟက်

commentinfo By: နန်းညီ at Jun 22, 2012
Comment #14

I like this cute lovely poem so much.

commentinfo By: ei lay at Jun 22, 2012
Comment #15

သူများဦးနှောက် သူများခံစားချက်နဲ့ ရင်းပြီးရေးထားတာကို ရှင်ကြိုက်လို့ တင်ချင်တယ်ဆိုရင်လည်း Credit to Nang Nyi ဆိုတာမျိုး ထည့်သင့်တယ်မဟုတ်ဘူးလား..

commentinfo By: အိဖူး at Jun 22, 2012
Comment #16

သူများဦးနှောက် သူများခံစားချက်နဲ့ ရင်းပြီးရေးထားတာကို ရှင်ကြိုက်လို့ တင်ချင်တယ်ဆိုရင်လည်း Credit to Nang Nyi ဆိုတာမျိုး ထည့်သင့်တယ်မဟုတ်ဘူးလား..
commentinfo By: အိဖူး at Jun 22, 2012

မအိဖူး..သူရေးတာမဟုတ်ပါဘူးဗျ…..
း)…မနန်းညီ…..မမေသူစံကိုမေးကြည့်ပါဦး
ပီးမှ ပြန်လာမန့်ပါဗျာ….
ဘာပဲဖြစ်ဖြစ် ၀င်မန့်သူတွေအားလုံးအတွက် ကျေးဇူး

commentinfo By: Thar Thar at Jun 22, 2012
Comment #17

အေးပါကွာ ပလိန်းကြီးဘတ်တာတော့ မကောင်းဘာဝူး

commentinfo By: Negative Thunder at Jun 22, 2012
Comment #18

Bro ……. Negative Thunder
I try to solve ….. their misunderstanding
I hope they will ask her…and they will know the truth

commentinfo By: Thar Thar at Jun 22, 2012
Comment #19

မျက်နှာများသူရေနွေး။ နညဇ်လိုပဲ ခံစားချက်တူသူများ။
အားလုံးကို နားလည်တတ်ခဲ့ပါပြီဟု ….ဆိုကာ တရွေ့ရွေ့။

commentinfo By: muzit at Jun 23, 2012
Comment #20

ဒါဖြင့် ဒီကဗျာကို မင်း ကိုယ်တိုင်ရေးပါတယ်လို့ဆိုလိုတာလား.. ၂၀၀၉ ထဲက ဖတ်ဖူးတာ .. သောက်ရှက်လဲ မရှိဖူး .. သူခိုးလူမိ လျှောက်ရမ်းမနေနဲ့..

commentinfo By: ရဲအောင်သူ at Jun 23, 2012
Comment #21

ဒီမှာ .. သားသား ဆိုတဲ့လူ.. နင်နဲ့ မမေသူနဲ့ဘာတွေ ဘယ်လိုပြောပြီး ဘာတွေဖြစ်တယ် ငါမသိဘူး.. ဒါပေမယ့် ဒီကဗျာက ငါကိုယ်တိုင်ရေးထားတဲ့ကဗျာဆိုတာ ဘလော့ဖတ်ဖူးသူတွေ အကုန် သိတယ်.. ၂၀၀၉ ခုနှစ်ကတည်းက ရေးထားတာ.. ငါ့ကိုယ်ပိုင်အဖြစ်အပျက် ငါ့ကိုယ်ပိုင် စကားလုံးတွေမှန်း ဖတ်တာနဲ့တောင် သိသာတယ်.. “ကြည်အေး” နေရာမှာ “ဂျူး”လို့ ပြောင်းရေးလိုက်ရုံနဲ့ နင့်ကဗျာ ဖြစ်သွားပြီလား.. ဟဟ.. ရယ်ရတယ်.. ကိုယ့်လိပ်ပြာ ကိုယ်အသိဆုံးပဲဖြစ်မှာပေါ့.. ဒါကို ဖျက်ပေးပါ..တရားဝင်တောင်းပန်ပါ..

commentinfo By: နန်းညီ at Jun 23, 2012
Comment #22

မယ်ညီ …. မေး ပို့ထားပီးပီနော် ….
ကိုရဲ … သူကိုယ်တိုင်ရေးတယ်လို့ ပြောပုလေ … မီးကို မေးကျိလို့ ပြောတာ …
မီး မယ်ညီ့ဆီ မေးပို့ထားတယ် …

all bcoz of me ….
ကဗျာကိုလဲ ဖျက်ဖို့ပြောထားတာမို့ … ကိုသားလဲ ပိစ် … မယ်ညီတို့လဲ ပိစ် …

ူဟိုဘက်ရော ဒီဘက်ရော အကုန်လုံး ကိုယ့်လူတွေချည်းပဲ … မီး မျက်နှာထောက်ပီး …. ကွန်မန့်တွေ ထပ်တက်နဲ့တော့ …. နော် ….

တောင်းပန်တယ် အားလုံး ကို ….

မနေ့ညကတည်းက လာမလို့ …. ကွန်နရှင် စုတ်ပြတ်နေတာနဲ့ လာလို့မရတာ ….
ခု …. ကွန်မန့်တွေ ထပ်ပေးကြနဲ့တော့ … နော် ….

မယ်ညီတို့လဲ မကျေနပ်ရင် မီးဆီ မေးပို့ပီး ပြော …
ကိုသားလဲ ငယ့်ကို ပြော … နော် …. ။

ချစ်၏ …
မေသူ။

commentinfo By: မေသူ at Jun 23, 2012
Comment #23

ဒီကဗျာကို ဖျက်ပါလို့ ငါပြောတာ ၂၀၁၂ ကတည်းက.. ခုထိမဖျက်သေးပါလား.. မရှက်ကြဘူးလားဟင်..

commentinfo By: နန်းညီ at Jul 5, 2013
Comment #24

အေးလေ….. တော်တော်လည်း မျက်နှာပြောင်ကြတယ်..
သူများကဗျာသုံးပြီးများ ဖီးလ်တက်နေသေးတယ်

commentinfo By: အိဖူး at Jul 5, 2013
Comment #25

so …………….. 🙁

commentinfo By: 13th at Jul 7, 2013
Comment #26

Make me feel flying in the air.

commentinfo By: ei lay at Jul 24, 2013
Comment #27

သူများရေးထားပြီးကဗျာကို ဖတ်ပြီး ခံစားနေကြတာပါလား…..
သိပ်သက်သာတာပဲ…
နဂိုရေးတဲ့လူရဲ့ ခံစားချက်ဆိုတာ အလကားရလာတာမဟုတ်ဘူးဆိုတာ ခိုးသွားတဲ့သားသားဆိုတဲ့လူ သိပါရဲ့လား မေးချင်တယ်

commentinfo By: အိဖူး at Jul 25, 2013
Comment #28

sordeee bro .. !_!

(hope u wouldn’t mind, as da con takes too long to post dis cmt )

commentinfo By: cutie stitch at Jul 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment