Professional Authors

မဒီကညာသူ (သို့ မဟုတ်)မြန်မာမိန်ကလေး

 

မဒီကညာသူ

တစ်ခါတရံဖြူ

တစ်ခါတစ်ရံ မြူထ

မှိုင်းလှသည့်

အဆွေတိမ်………။

ဘ၀င်ရယ်ညှိုး

အဘယ်ရယ်ကြောင့်

အသင်

ထိုသို့ ငိုကြွေးရသနည်း……။

လှပသည့်ခြေလှမ်း

မိတ်ကပ်မလိမ်းဘဲ

ဝင်းသည့်အသား

နှုတ်ခမ်းနီမဆိုးဘဲနဲ့

ရဲသည့်နုတ်ခမ်းများက

စွဲဆောင်ခြင်းကြီးလေ၏……။

သူမ လှမ်းရင်

ပန်းတွေကြေ

ခြေလှမ်းပင်တန်ဖိုးကြီးသူ

မာယာရယ်ကင်း

ဟန်ဆောင်ခြင်းရှင်းသည့်

ကရုဏာထား

မုဒိတာအမြဲ

ပွားသည့်သူ…။

သူအလှသူကျေနပ်

မည့်သည့်ပြင်ဆင်ချက်မှ

မဖြည့်စွက်သူ့

အလှပေါင်းဆင့်

အယဉ်ပေါင်းဆင့်လို့

ဂုဏ်တွေရယ်တင့်လေသူ

ပန်းတွေရယ်ရှုံး

ပုရိသတွေရှုးရသည့်သူ

မြန်မာဟန်

မြန်မာ့ဆံနွယ်

မြန်မာ ကိုချစ်

မြန်မာမျိုးစစ်မို့

ကိုရီးယားများအံအားသင့်ဖွယ်

အရပ်၊ခန္တာ၊ဆံနွယ်

ဘယ်ဘယ် ဘယ်အရာမှ

အပြစ်ရယ်ကင်း

မုသားရှင်းသည့်သူ…

ရတနာမြေမှ

ရတနာသူ

ကျွန်တော်ချစ်ရသည့်သူ

သူကို မြင်ဖို့

မနက်ကယ်လင်း

သူအလှရယ်ထင်းဖို့

နေရောင်တွေလင်းရှာတဲ့

မဒီကညာသူ……………..။

 

In: ကဗျာ Posted By: Date: Sep 6, 2011
Comment #1

လန်ထွက်နေအောင်ကောင်းတယ်ဗျာ … ချစ်သူကိုပြမလို့ကူးသွားတယ်ဗျို့ … ဟိဟိ

commentinfo By: chityellusoelay at Sep 6, 2011
Comment #2

ကောင်းတယ်ဗျို့…
အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Sep 7, 2011
Comment #3

ကြိုက်တယ်ဗျာ ..
လုလင် အားပေး သွားပါတယ်

Comment #4

mike de kwar,,,
yae yae le le g ko tin sar like tar,,,
twar par p,,,,
heart hti twar p.

commentinfo By: ei lay at Sep 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment