Professional Authors

နှလုံးသားအကြွင်းအကျန်

မျှော်လင့်မိတယ်
ထူပေးမယ့်လက်တစ်စုံကို….
ဒဏ်ရာတွေနဲ့ လဲပြိုချိန်
နာသွားလားတောင်မေးဖော်မရဘူး………
ငါ့ရဲ့ဘ၀ ငါ့မာန
မင်းနင်းလျှောက်ဖို့ခင်းထားတာလေ…..
ခြေတစ်လှမ်းတောင်မလှမ်းခဲ့တာ
ခြေထောက်ပေမှာများ စိုးလေသလား……
ကြယ်လေးတွေကိုချစ်တယ်ဆိုလို့
ခူးပေးဖို့ကြိုးစားခဲ့ပါတယ်…….
ဟိုးအောက်ဆုံးက ငါ..
မြေကြီးပေါ်တောင်မရောက်နိုင်တာ
မင်း လှောင်ဖို့တော့ မသင့်ပါဘူး……
အချစ်ရဲ့မညီမျှခြင်းကိုဖြေရှင်းချင်ပေမယ့်
ငွေတွေဂုဏ်တွေရဲ့ မသိကိန်းကို
အဖြေရှာလို့မရနိုင်တာ
ငါသိပ်ညံ့လွန်းလို့များလား…….
ကြားချင်မိတဲ့စကားလေးတစ်ခွန်း
ကြားခွင့်မရလိုက်ပဲနဲ့….
ငါ့ရင်ခွင်တစ်ခုလုံးစုတ်ပြတ်သွားချိန်မှာ…
ငါ့နှလုံးသားရဲ့ တစ်ခုတည်းသော
ထင်ကျန်ရစ်တဲ့အရာလေးက
နင့်နာမည်လေးပဲဆိုတာ …..
ချစ်တတ်တဲ့သူတိုင်း မြင်မိကြပါတယ်….

In: ကဗျာ Posted By: Date: Jul 21, 2011
Comment #1

ကိုလွမ်းနောင်တော့..လုပ်ချလိုက်ပြန်ပြီး
ကြိုက်တယ်ဗျာ……

commentinfo By: poem.poem28 at Jul 21, 2011
Comment #2

အားပေးသွားတယ်ရှင့်…….

commentinfo By: May Kha at Jul 21, 2011
Comment #3

ငါ့ရင်ခွင်တစ်ခုလုံးစုတ်ပြတ်သွားချိန်မှာ…
ငါ့နှလုံးသားရဲ့ တစ်ခုတည်းသော
ထင်ကျန်ရစ်တဲ့အရာလေးက
နင့်နာမည်လေးပဲဆိုတာ …..
ချစ်တတ်တဲ့သူတိုင်း မြင်မိကြပါတယ်….
အားပေးလျှက်..အမြဲ

commentinfo By: အသဲကွဲမိုး at Jul 21, 2011
Comment #4

ငါ့ရင်ခွင်တစ်ခုလုံးစုတ်ပြတ်သွားချိန်မှာ…
ငါ့နှလုံးသားရဲ့ တစ်ခုတည်းသော
ထင်ကျန်ရစ်တဲ့အရာလေးက
နင့်နာမည်လေးပဲဆိုတာ …..
ချစ်တတ်တဲ့သူတိုင်း မြင်မိကြပါတယ်….

ကောင်းလိုက်တာ…. ဟုတ်တယ်နော်
နောက်ဆုံးတော့ နှလုံးသားထဲမှာ သူ့နာမည်တခုပဲ ကျန်ရစ်ခဲ့တယ်

“စိုင်းနောင်နောင်လတ်” တဲ့……..

commentinfo By: မီးး at Jul 21, 2011
Comment #5

မျှော်လင့်မိတယ်
ထူပေးမယ့်လက်တစ်စုံကို….
ဒဏ်ရာတွေနဲ့ လဲပြိုချိန်
နာသွားလားတောင်မေးဖော်မရဘူး………
ငါ့ရဲ့ဘ၀ ငါ့မာန
မင်းနင်းလျှောက်ဖို့ခင်းထားတာလေ…..
ခြေတစ်လှမ်းတောင်မလှမ်းခဲ့တာ
ခြေထောက်ပေမှာများ စိုးလေသလား……
ကြယ်လေးတွေကိုချစ်တယ်ဆိုလို့
ခူးပေးဖို့ကြိုးစားခဲ့ပါတယ်…….
ဟိုးအောက်ဆုံးက ငါ..
မြေကြီးပေါ်တောင်မရောက်နိုင်တာ
မင်း လှောင်ဖို့တော့ မသင့်ပါဘူး……
အချစ်ရဲ့မညီမျှခြင်းကိုဖြေရှင်းချင်ပေမယ့်
ငွေတွေဂုဏ်တွေရဲ့ မသိကိန်းကို
အဖြေရှာလို့မရနိုင်တာ
ငါသိပ်ညံ့လွန်းလို့များလား…….

Leave Comments

Name*

Email*
Website
Email me whenever there is new comment