Professional Authors

တစ်ခါကနေ့ရက်တွေ

ဒီလိုပုံစံမျိုးနဲ့တင်

ငါတို့အဖြစ်က

လူရယ်ချင်စရာ

ဖြစ်တော့မယ်။

 

အိပ်မက်ဆိုတာမျိုးက

နှိုင်းယှဉ်လို့ရတာတော့မဟုတ်

ဒါပေမယ့် အမှန်ကိုလက်ခံ

လက်တွေ့ဘ၀ကိုပဲ

ယုံကြည်နိုင်အောင်

ကြိုးစားကြရတာမျိုး။

 

တစ်နေ့ တစ်နေ့ 

ငါတို့ ကြိုးစားရှာဖွေကြ . . .

လက်တွေ့ဘ၀နဲ့အိပ်မက်အကြားမှာ

အမှန်တရားဆိုတာ ဘယ်အရာ။

 

မတည်ြုမဲခြင်းက အနိစ္စတရား

အတူမရှိနေနိုင်တာကလည်း ဝေးကွာဖို့

နင့်ရဲ့ရယ်သံလေးများ အိပ်မက်ထဲမှာကြားမိရင်

ဘ၀ဟာ အဘိဓမ္မာဆန်လွန်းလာ။

 

တခါတလေမှာ

ငါက လွမ်းတယ်

တခါတလေမှာ

နှလုံးသားက လွမ်းတယ်

တခါတလေမှာတော့

ငါတို့အတူမေ့ချင်ယောင်ဆောင်ဖို့ ကြိုးစားတယ်။

 

အဆုံးသတ်မလှတဲ့ အိပ်မက်များ

ဝမ်းနည်းခြင်းကို သယ်ပိုးသူ

မရင်းနှီးတော့သော မျက်ဝန်းများ

ပိုင်ဆိုင်ခွင့်မရှိတော့လည်း

မေ့ဖျောက်ဖို့ပဲ အနာအကျင်ခံကြိုးစားခဲ့ပေါ့။

 

ပြီးတော့လည်း ပြီးခဲ့ပါပြီ

တရံရောအခါက အတိတ်ကာလ

အခုတော့

အားလုံးအဆုံးသတ်သွားတဲ့ ပြဇာတ်တစ်ပုဒ်လို

စိတ်ကူးများ တိတ်ဆိတ်ငြိမ်သက်

ဆက်လက်စီးဆင်းစရာမရှိတဲ့ ချောင်းငယ်တစ်ခုလို

နေရာမှာ စီးဆင်းရပ်တန့်

ကြာတော့ ကြာခဲ့ပါပြီ

လေယာဉ်နဲ့အတူ သူမ ထွက်ခွာသွားတဲ့မနက်က

ကျွန်တော် . . . . . အိပ်မက်တွေ

ခုံတန်းလျားတစ်ခုမှာ အတူတူ ထိုင်ငေးနေခဲ့ရ

တစ်ခါက နေ့ရက်တွေ . . . . . ။

                                       နရီမင်းထက်(ဆေးတက္ကသိုလ်)

In: ကဗျာ Posted By: Date: Sep 6, 2011
Comment #1

တခါတလေမှာ

ငါက လွမ်းတယ်

တခါတလေမှာ

နှလုံးသားက လွမ်းတယ်

တခါတလေမှာတော့

ငါတို့အတူမေ့ချင်ယောင်ဆောင်ဖို့ ကြိုးစားတယ်။
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Sep 6, 2011
Comment #2

တခါတလေမှာ

ငါက လွမ်းတယ်

တခါတလေမှာ

နှလုံးသားက လွမ်းတယ်

တခါတလေမှာတော့

ငါတို့အတူမေ့ချင်ယောင်ဆောင်ဖို့ ကြိုးစားတယ်။ ကောင်းတယ်ဗျာ

Leave Comments

Name*

Email*
Website
Email me whenever there is new comment