Professional Authors

ရှိရင်းစွဲ

သစ်ရွက်တွေ မှုတ်တဲ့လေပြေနဲ့

ကိုယ်နိုးထ။

 

ပင်စည်က ကိုယ့်ကိုကြည့်ရင်းပြောတယ်

“ရင်ခွဲခံရတာထင်တယ်”တဲ့

 

အမြစ်မပြတ်တဲ့ ကောင်က

“အိပ်မက်တွေကျကွဲလာတာနေမှာပါကွာ”လို့ဖြေတယ်။

 

ညှင်းသိုးသိုးနဲ့မြေကြီးကတော့ကောင်းကင်ကိုတချက်ကြည့်ပြီး

“ရင်လွဲကောင်ပဲဖြစ်မှာပါ”

 

နားညီးလို့ ကိုယ့်အတောင်တွေဆန့်ပြီးပျံထွက်ခဲ့

——–

နွားကျောင်းသားတယောက်က သူ့အဖေါ်ကိုအော်ခေါ်တယ်

“ဒီမှာ— ပုစဉ်းရင်ကွဲ—–တကောင် မိပြီကွ” ။          ။

 

ကြယ်ဝေး

 

In: ကဗျာ Posted By: Date: Sep 4, 2011
Comment #1

har,,,,
kwat ti pe.
he,,he,,

commentinfo By: ei lay at Sep 5, 2011
Comment #2

အရမ်း မိုက်တယ်

commentinfo By: nwenyeinaye at Sep 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment