Professional Authors

အသက်ရှုသံများရဲ့ ကောက်ကြောင်း (၁၂)

 

နေမ၀င်အင်ပါယာတစ်ခုထက်

ဖိနပ်တစ်ရံကိုဘဲ လိုချင်တယ်

 

ငွေစက္ကူတောင်ပုံယာပုံထက်

မနက်ဖြန်ကိုဘဲ မြင်ချင်တယ်..

 

မိန်းမတစ်ယောက်ရဲ့ ခန္ဒာထက်

အပြုံးတစ်ပွင့် ကိုဘဲ ထိတွေ့ခံစားချင်တယ်

 

ပန်းတစ်ရာရဲ့ ရနံ့ထက်

သတင်းကောင်းတွေကိုဘဲ ရှုရှိုက်နေလိုတော့တယ်

 

ငြိမ်းချမ်းခြင်းကို

လျာပေါ်လာတင်ပေးပါ..

တဆက်တည်း

နျူးကလီးယားကိုကြောက်လို့

ကျွန်တော် နားကန်းသွားပြီဆိုတာ

ကမ္ဘာကြီးကို ပြောဖြစ်အောင်ပြောလိုက်စမ်းပါ ဗျာ…။

 

တက်ခေတ်

 

In: ကဗျာ Posted By: Date: Oct 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment