Professional Authors

ငါရပ်စောင့်နေပါတယ်….ချစ်သူ

နံရံတွေဟာ
လူတွေကို လုံခြုံ စေဖို့ကာရံတာတဲ့
တစ်ခါတစ်၇ံမှာတော့
အဲ့ဒီိနံရံ ဟာ
အကြောင်းအမျိုးမျိုးကြောင့်
အတားအဆီးဖြစ်သွားတတ်တယ်
တကယ်က
တို့ နှစ်ယောက်ကြားမှာ

ခြားနေတာက
တံတားတစ်ခု
ကျော်လာရုံပါပဲ
တံတားအကျော်
မှော်ရုံတစ်ခု
လွမ်းရုံလွမ်းတဲ့
မဆွေးပါနဲ့တဲ့
သူမအမှာ
လွမ်းတာတွေ များရင်
သစ်ပင်တွေကို
ပြောလိုက်ပါ
သူတို့တွေက
လေတွေတိုက်တိုင်း
ညည်းတတ်တော့
သူမ ကြားနိုင်တယ်လေ
တောင်ပံတစ်ဖက်ထဲ ပါတဲ့
လိပ်ပြာတစ်ကောင်
တခြားတောင်ပံကို
မရှာပဲ
သူဟာ သူပျံနိုင်အောင်ပဲ
ကြိုးပမ်းနေလေရဲ့
မဖြစ်နိုင်ဘူးလေ
ကျွန်တော်လည်း ဒီလိုပဲ
သူမနဲ့ပါသွားတဲ့
ကျွန်တော်အသည်းတစ်ခြမ်းရှိလေရဲ့
ကျွန်တော်ကတော့
မျှော်နေလေရဲ့ဗျာ
အသည်းနှလုံးကို မဟုတ်ဘူး
သူ မကိုပါ……..။

In: ကဗျာ Posted By: Date: Sep 1, 2011
Comment #1

wow,,,
mike de…
mike de…

inn pop…
a chit so tar ya u chin de,
he,,he,,

commentinfo By: ei lay at Sep 1, 2011
Comment #2

Hit to my heart directly.
Reach to my heart deeply.

commentinfo By: ei lay at Dec 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment