Professional Authors

အတွေးအခေါ် လမ်းလွှဲခြင်း

ပက်ပက်စက်စက် ရှုမျှော်ခင်း

မလိမ်မိုးမလိမ်မာ မီးစက်

မိုက်ရိုင်းစုတ်ပဲ့သည့် …ယင်ကောင်။

 

ထပ်တလဲလဲပေါင်းနေသည့် ပေါင်းအိုး

အကြိမ်ကြိမ်နှုတ်နေခဲ့ရသည့် မြက်

မြှောက်နေကျ လူမြောက်ကြီး၊

ကိုင်း . . . . . စားကြစို့ ။

 

သံဝေဂရဖွယ် ယပ်တောင်

မော်ကျူရီတစ်ခေါက် ကျောင်းဆယ်ခေါက်

ဟိုကောင်မလေးလည်း အနိစ္စတရား

ကျက်ထားသည့်စာများလည်း မမြဲ။

 

ုဒီခေါက်ဆွဲဖတ်ကို ဖြည်းဖြည်းမပါ

ကွဲတတ်သည်၊ မဖိရ

အထဲမှာ သံတုံးများပါသည်။

 

ညီညီညာညာ ထွက်ပြေးကြပါ

ကတ္တရာလမ်းမ က ပိုးလိုးပက်လက်ကြီး

ဒီကဗျာကို ဘယ်လိုဖနောင့်နဲ့ ပေါက်ပြီးရပ်ရမလဲ

ကဲ . . . . . ပြီးပြီကွာ ။     ။

 

                                              နရီမင်းထက်(ဆေးတက္ကသိုလ်)

In: ကဗျာ Posted By: Date: Sep 1, 2011
Comment #1

အားပေးသွားပါတယ်။

commentinfo By: May Kha at Sep 1, 2011
Comment #2

har….
he,,he,,,
really funny.

commentinfo By: ei lay at Sep 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment