Professional Authors

တိမ်လွှာအမှတ် တစ်ဆယ့်သုံး

ကံကြမ္မာ မျက်နှာသာမပေးရင်
အဝေးဆုံးမှာ ပုန်းနေလိုက်မယ်။          ။

အမုန်းတွေ တပြုံတခေါင်းနဲ့
ရောက်လာသူကို…….
ခရီးဦးကြိုပြုလိုက်ပါရစေ။              ။

ပုံပြင်ဟောင်းတွေ အကြောင်း
ငါ့ကို ကောင်းကောင်းပြောပြစမ်းပါ။            ။

သံယောဇဉ် အကိုးအကားတွေနဲ့
ပုံတူတွေ ပွါးနေပါရစေ။              ။

ငါ့ရှေ့ မှာ တားထားတဲ့
တံခါးတွေ ဖွင့်လိုက်စမ်းပါ။            ။

စွန့်စားမှုတွေ တပွေ့တပိုက်နဲ့
တိမ်တိုက်တွေ အကြောင်း သိချင်သူရေ…….
ငါခွင့်ပြုလိုက်ပါရစေ။               ။

လောကကြီးရဲ့ ပြောင်းလဲမှုအကြောင်း
ငါ့ကို တစေ့တစောင်း ပြောပြစမ်းပါ။             ။

အတုယောင် အတတ်ပညာတွေနဲ့
ငါ့ကိုယ်ငါ ၀ှက်ထားပါရစေ။           ။

                                                         စစ်အေးငြိမ်း

In: ကဗျာ Posted By: Date: Sep 1, 2011
Comment #1

လောကကြီးရဲ့ ပြောင်းလဲမှုအကြောင်း
ငါ့ကို တစေ့တစောင်း ပြောပြစမ်းပါ။ ။

အတုယောင် အတတ်ပညာတွေနဲ့
ငါ့ကိုယ်ငါ ၀ှက်ထားပါရစေ။

commentinfo By: May Kha at Sep 1, 2011
Comment #2

အတုယောင် အတတ်ပညာတွေနဲ့
ငါ့ကိုယ်ငါ ၀ှက်ထားပါရစေ။ ။
……………………….အတုယောင် အတတ်ပညာတွေနဲ့
ငါ့ကိုယ်ငါ ၀ှက်ထားပါရစေ။ ။

commentinfo By: အသဲကွဲမိုး at Sep 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment