Professional Authors

သောမတ်အယ်ဒီဆင်သာ မရှိခဲ့ဘူးဆိုပါစို့

မမြင်ရတဲ့တစ်စုံတစ်ရာကို ရှာဖွေဖို့
အသံတွေ ထွက်မိပြန်၊
ငါဟာ လင်းနို့တစ်ကောင်မဟုတ်တော့
ပဲ့တင်သံများလည်း ပြန်မကြားတတ်၊
ဟောဒီမှာ အလင်းထွက်ကိရိယာ
အလင်းဟာ သူ့ရဲ့လမ်းကြောင်းအတိုင်း
တရွေ့ရွေ့ချီတက်နေစဉ်
အမှောင်ဟာ သူ့ခန္ဓာကိုယ်ကို
အကျယ်ဆုံးဆွဲဖြန့်
အလင်းရှာဖွေသူ ငါတို့ကို
ပိန်းပိန်းထအောင် တားဆီးဖို့ ကြိုးစားပြန်ပေါ့၊
အဲဒီနေ၀င်နေထွက်ချိန်ကြားမှာ
သောမတ်အယ်ဒီဆင်လည်း မရှိခဲ့ဘူးဆိုပါစို့၊
ဒီအချိန် အကာလညအခါမှာ
ငါတို့ ဘာလုပ်နေကြမလဲ၊
ငါတို့ ဘာလုပ်နေရမလဲ၊
ဖယောင်းတိုင်တစ်တိုင်ကိုတော့ ထွန်းထားမယ်၊
ပြီးရင်
အမှောင်ကို ကြေးကြီးကြီးနဲ့ တန်ဖိုးဖြတ်နိုင်တဲ့အထိ
ငါကတော့ ထိုင်စဉ်းစားနေမိလိမ့်မယ်. . . ထင်တယ်။ ။
နရီမင်းထက်(ဆေးတက္ကသိုလ်)

In: ကဗျာ Posted By: Date: Aug 28, 2011
Comment #1

koh doe mi tar su a twat tay char tar ka dot ,,,
he,,he,,
bar ne hta min sar ya ma le so tar pe.

commentinfo By: ei lay at Aug 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment