Professional Authors

ချစ်စကား

အပြာရောင်တိမ်တိုက်တွေရဲ့ကြား
ပျော်ရွှင်စွာသီချင်း ဆိုညည်းနေတဲ့
ဗီးနပ်ရေ
အလွမ်းဆိုတာ
ခါးပေမယ့်
အချစ်နဲ့ပေါင်းရင်တော့
စွဲမက်ဖွယ်ရာ
cappucino တစ်ခွက်ကို
ဖြစ်စေခဲ့လေရဲ့
မင်းဟာ ငါ့ရဲ့ကမ္ဘာ
မင်းဟာ ငါ့ရဲ့ မျှော်လင့်ချက်မို့
မင်းအတွက်ရှင်သန်
မင်းအတွက် နေထိုင်
မင်းအတွက်ရယ်မို့
ချစ်ခြင်း ကြင်နာခြင်း
စာနာနားလည်မှု့တို့နဲ့အတူ
ငါရဲ့ ရင်ခွင် မှာခိုလှုံပါလော့
အသည်းတံခါးမှာ
ထာဝရမှတ်ကျောက်တင်
မက်လောက်စရာမရှိပါဘူးလို့မင်းပြော
သူတကာတွေ
လက်ဖျားကာ
တုန်နေအောင်ချစ်မယ့်သူပါမေ
အသည်းအသက်ကိုရင်း
နှလုံးကိုခင်းလို့
လှပစွာနင်းလို့
ငါ့၏ ရင်ခွင် ထဲကို လှမ်းခဲ့ပါတော့ချစ်သူ
နင်ဟာ ငါ့ရဲ့တစ်ဦးတည်းသောသူပါလေ………။

In: ကဗျာ Posted By: Date: Aug 26, 2011
Comment #1

နင်ဟာ ငါ့ရဲ့တစ်ဦးတည်းသောသူပါလေ……

commentinfo By: May Kha at Aug 26, 2011
Comment #2

har….
mike de kwar.
mike,,,hma mike…..
heart hti twar p.

commentinfo By: ei lay at Aug 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment