Professional Authors

မုန်းတယ်

အတူတွဲခဲ့လက်တွေ

အဆုံးမရှိ နွေးထွေးခဲ့ဖူးတယ်..

ဒါပေမယ့် ဒေါသထွက်တိုင်း

အဲဒီလက်နဲ့ပဲ

တစ်ယောက်ကိုတစ်ယောက်

နာကျင်စေခဲ့တယ်..

ပေးခဲ့ဖူးတဲ့ အနမ်းတွေကိုမထောက်

ရန်ဖြစ်တိုင်း ဒီနှုတ်ခမ်းတွေက 

ကိုယ့်ချစ်သူကိုမှ နာကျင်အောင်

ပြောရက်ခဲ့ပြန်တယ်.. 

 

ဒီလိုနဲ့

စစ်အေးတိုက်ပွဲတွေကြား 

ဆုံးရှုံးသွားတာ..

အနှစ်နှစ်အလလ

ဆောက်တည်ခဲ့တဲ့ အချစ်တွေ..

 

 

“ထာဝရ” ဆိုတဲ့

စကားလုံးတွေသာ 

ပျော်ရွှင်တုန်းပေးတဲ့ ကတိတွေဆို

မင်းဘယ်သူနဲ့မှ ထာဝရရှိနိုင်မှာမဟုတ်ဘူး..

ခက်ခဲလာရင်

မင်း” ထာဝရ” လို့ပြောနိုင်ဦးမှာလား..

 

 

တစ်နေ့ကျရင်

ငါ (သို့) မင်း

ဒီအချစ်ကွန်ရက်ကနေ

ရုန်းထွက်ချင်လာလိမ့်မယ်..

အဲဒီအချိန် “ထာဝရ” ဆိုတဲ့စကား 

ငါတို့ကြားတိုင်း ရယ်ချင်လာလိမ့်မယ်..

 

 

ချစ်သူကို ပေးခဲ့တဲ့ကတိ

ငါမမေ့ခဲ့ဘူး.. 

ဒါပေမယ့် သူစမေ့သွားတယ်..

 

 

အခု

သူစိမ်းဆန်တဲ့ဘဝတွေကို ငါမုန်းတယ်။     ။

 

 

*Snowflake*

24/08/11 (11.34am GMT)

 

In: ကဗျာ Posted By: Date: Aug 24, 2011
Comment #1

hote de,,,,
it’s called men.
unfaithful.
lwe lwe chit p lwe lwe mei de.
tan phoe ma htar bu.

so sorry to hear,
really nice poem.

actually,,
i m afraid of he’d leave me although i believe his faith.
i m afraid of he’d forgot me although i believe his dignity.
i m afraid of he’d change although i believe his love.
he,,he,,,i worry so much all time.
we create simple & cool love between us.

commentinfo By: ei lay at Aug 25, 2011
Comment #2

အတူတွဲခဲ့လက်တွေ

အဆုံးမရှိ နွေးထွေးခဲ့ဖူးတယ်..

ဒါပေမယ့် ဒေါသထွက်တိုင်း

အဲဒီလက်နဲ့ပဲ

တစ်ယောက်ကိုတစ်ယောက်

နာကျင်စေခဲ့တယ်..

ပေးခဲ့ဖူးတဲ့ အနမ်းတွေကိုမထောက်

ရန်ဖြစ်တိုင်း ဒီနှုတ်ခမ်းတွေက

ကိုယ့်ချစ်သူကိုမှ နာကျင်အောင်

ပြောရက်ခဲ့ပြန်တယ်.. good

commentinfo By: han paing oo at Aug 25, 2011
Comment #3

ချစ်သူကို ပေးခဲ့တဲ့ကတိ

ငါမမေ့ခဲ့ဘူး..

ဒါပေမယ့် သူစမေ့သွားတယ်..

အခု

သူစိမ်းဆန်တဲ့ဘဝတွေကို ငါမုန်းတယ်။

ကဗျာလေးကောင်းပါတယ်…အားပေးသွားတယ်…..

အိလေးပြောတာ……
it’s called men.
unfaithful……..ဟုတ်လား…ဟာဟ…။

commentinfo By: terry at Aug 25, 2011
Comment #4

အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 25, 2011
Comment #5

hote de,
ei lay pyaw tar,,ko terry.
not Snowflake.

it’s called men.
unfaithful.
next,,,changeable.

commentinfo By: ei lay at Aug 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment