Professional Authors

အချစ်စစ် အချစ်မှန်

ရင်တွေခုန်စ ရည်းစားစထားတဲ့အချိန်
ဖေဖေရဲ့ စိုးရိမ်မျက်ဝန်းကို ဥပေက္ခာပြုမိတယ်
မဖြစ်သင့်မှန်းသိလို့ ဖေဖေစွတ်ဖတ်တဲ့အချိန်
၁၅၀၀ အချစ်ကို အရမ်းယုံကြည်လေးစားခဲ့တယ်
ဖေဖေ့ရဲ့ စေတနာမေတ္တာနားမလည်တဲ့အချိန်
သူစိမ်းလူလက်ကိုစွဲကိုင်ပြီး ဖေဖေ့ကို စိတ်ဆင်းရဲအောင် အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်
ဖေဖေ့ရဲ့ ကရုဏာမျက်ဝန်းက မျက်ရည်တွေမြင်ရတဲ့အချိန်
လက်တွဲဖြုတ်ခဲ့ပေမယ့် ဖေဖေ့အပေါ် မှားခဲ့တာတွေ သမီးရင်မှာ စိုးမိုးနေတယ်
အမှားကိုသိလို့ အမှန်ပြင်ပြီးတဲံအချိန်
သမီးလိမ္မာသွားတာကို ပီတိအပြုံးတွေ ဖြာဝေနေတဲ့ဖေဖေ
အရင်က ဖေဖေကို စိတ်ဆင်းရဲအောင် ပြုလုပ်ခဲ့တာတွေ
နောက်မဖြစ်စေရတော့ပါဘူး ဖေဖေ
ကမ္ဘာကြီးမှာ အချစ်စစ် အချစ်မှန် ဘယ်လောက်ပဲရှိရှိ
မိဘက သားသမီးပေါ် ထားရှိတဲ့ အချစ်က
အအေးချမ်းဆုံးပါပဲ

In: ကဗျာ Posted By: Date: Aug 24, 2011
Comment #1

nice

commentinfo By: ei lay at Dec 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment