Professional Authors

ဗီလိန်မရဲ့ ဂလဲ့စား

မင်းသမီး အမှတ်နဲ့ စခဲ့တဲ့

ပြဇာတ်

ဇာတ်လမ်းဆုံးခါနီးမှ

ငါ က ဗီလိန်တဲ့

ရှိစေတော့။။။။။

 

ဇာတ်ရုပ် အလိုအရ

နင်နဲ့ နင့်ဟာမ

ဇာတ်ရှိန်တက်အောင်

ငါ ဘိုကျ တော့မယ်

ယုတ်ပြတော့မယ်

နင့်အတွက်ပါဟာ

နည်းနည်းတော့ကြမ်းတယ်

ဇာတ်လမ်းရဲ့ အပြင် ဘက် ခပ်ယွန်းယွန်းလေး တိမ်းချင်တယ်

ဒါကတော့ ဇာတ်လမ်းတလျှောက်မှာ

ကျခဲ့ရတဲ့

ငါ့ရဲ့ အရာရာအတွက်

မာန….သိက္ခာ……မျက်ရည် စသဖြင့်ပေါ့ဟာ

မေ့နေလိုက်တာ

လက်ခုပ်သံတွေတောင် အဆစ် ရှုံးသွားသေးတယ်။။။။။။။။။

 

အသားမစားတဲ့ ကျား

ဘယ်မှာရှိလဲတဲ့

ယုံသွားပီ အဲဒိစကား

နင့်လို ခပ်တုံးတုံးကျားတောင်

အသားမရှောင်ပဲကိုး။။။။။။။။။။။။။။။။။။။။။။။

မှားတာကို မှန်တယ်လုပ်

ဟုတ်တုတ်တုတ်တွေ နဲ့

အလုပ်ရှုပ်နေတဲ့ အသိုင်းအ၀ိုင်း

ဒါလား အမှန် မြတ်နိုးတာ။။။။။။။။။

 

လိပ် ကို ဂျပိုးဖြစ်အောင်

ပါးစပ် တခု သုံးရုံ နဲ့

နင်ယုံတယ် (ဟုတ်လား)

လေးစားတယ်ဟာ

နင်လား အယုံမလွယ်ဘူးဆိုတာ။။။။။။။။။။။။။။။

 

ငါ့အနာဂတ်တွေ

ဖွာလန်ကြဲကုန်ပီ

ပြန်ချုပ်ယုံနဲ့ ပီးရအောင်

ငါ အ၀တ်တစမဟုတ်ဘူး

အိမ်မက် တဆင်စာ

နင့် စိန်တဆင်စာလောက်တော့

အဖိုးတန် ချင်မှ တန်မယ်

ငါ့အတွက်တော့ အိမ်မက်နန်းတော်ပဲ။။။။။။။။

 

ပြို………………..

………………….လဲ

ကြေ………..

………………..မွ

ဘာတခု မှ လိုက်ကောက်စုလို့ကို မရတော့ဘူး။။။။။။။။။။

 

 

တိမ်ဖုံးနေတဲ့ ငါ့ ကောင်းကင်

တိမ်ရှင်းမှ ထိန်ဝင်းနိုင်မယ်ဆို

ငါကိုယ်တိုင် မီးနဲ့ ရှို့မယ်

ထိန်ဝင်းချင်တယ်ဟာ။။။။။။။။

 

နင်လဲ ထိန်ဝင်းချင်တာပဲလား

နင်ဆိုရင်တော့ မီးသီးတွေ စွဲထားလိုက်

ထိန်လင်းသွားအောင်

နင်ဆိုတဲ့ လူက အတုနဲ့ ပဲ တန်တယ်။။။။။။။။

 

အသွား ရှိမှတော့

အပြန်လဲ ရှိနိုင်ကောင်းပါတယ်

ငါ့ကမ္ဘာ အမှောင်လွှမ်းနေသမျှ

နင် နဲ့ နင်ရဲ့ ..လဲ

မျက်ကန်းတွေလို

ေ၀၀ါး …..မိုက်မှောင်နေစေရမယ်

ကျိန်စာ မဟုတ်ဘူးနော်

ကျိန်တာထက် ထိရောက်တဲ့

ငါရွှေ့မဲ့

ဇယား

ကလဲ့စား

In: ကဗျာ Posted By: Date: Aug 24, 2011
Comment #1

လိပ် ကို ဂျပိုးဖြစ်အောင်

ပါးစပ် တခု သုံးရုံ နဲ့

နင်ယုံတယ် (ဟုတ်လား)

လေးစားတယ်ဟာ

နင်လား အယုံမလွယ်ဘူးဆိုတာ။။။။။။။။။။။။။။။
ခံစားချက်တူပါတယ်….. အားပေးသွားပါတယ်

commentinfo By: linn at Aug 24, 2011
Comment #2

ငါ့အနာဂတ်တွေ

ဖွာလန်ကြဲကုန်ပီ

ပြန်ချုပ်ယုံနဲ့ ပီးရအောင်

ငါ အ၀တ်တစမဟုတ်ဘူး
စာသားတွေမိုက်တယ်ဗျာ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 24, 2011
Comment #3

pa loat toat,,,toat
e,,,,,,,,,,,,,,,
e,,,,,,,,,,,,,,,,
kyauk sa yar g….
par bu naw,,,,
a pu de tway kya nay dar pe.sate nyit sa yar g.
par bu,,,par bu,,,,

commentinfo By: ei lay at Aug 24, 2011
Comment #4

အော် အသည်းကွဲတာလဲ အပူသည် တမျိုးပဲလေ

ပူနေပါတယ် ဆို အပူသည် ပေါ့ …နည်းနည်းတော့ တမျိုးပဲ ..အပူသည် ဆိုတော့ ..အဟဲ …

Comment #5

woooooooo……….. တစ်ကယ်ကြိုက်တယ် အရမ်းမိုက်တယ်

commentinfo By: ကဗျာသရဲ at Aug 24, 2011
Comment #6

အားပေးသွားပါတယ်ဗျာ…….. 🙂

commentinfo By: moehtetaung18 at Aug 24, 2011
Comment #7

မိုက်တယ်……..
အရမ်းကိုမိုက်တယ် 🙂

commentinfo By: chocolate at Aug 24, 2011
Comment #8

ဒီလောက်ကျိန်စာလေးတော့ နဲတာပေါ့
ဒီထက်တောင်ကျိန်သင့်သေးတယ်
ဘာတဲ့ ပြောရက်လိုက်တာနော်

မင်းသမီး အမှတ်နဲ့ စခဲ့တဲ့
ပြဇာတ်
ဇာတ်လမ်းဆုံးခါနီးမှ
ငါ က ဗီလိန်တဲ့

ကလဲ့စားများများသာချေလိုက် 🙁

commentinfo By: chocolate at Aug 24, 2011
Comment #9

အရမ်းကောင်းပါတယ်…

commentinfo By: virtualheart at Aug 24, 2011
Comment #10

kyike de thu a yan myar loh ei lay a yan sate win sar twar par d.
nauk ta khar kyoe sar p nar le aung pyan phat kyi par de.
he,,he,,
ne ne po nar le twar p,,
than yaw zin ka chit thu ko yaw thu ye gf ko yaw sate a yan soe nay tar.
right?

commentinfo By: ei lay at Aug 25, 2011
Comment #11

အော် …နှစ်ထပ်ရှိမှ မှတ်မိမယ် ဆိုတာ အိနဲ့ မှ ပဲယုံတော့တယ် …ဟုတ်ပါတယ် ရှင်

Comment #12

he,,he,,,
it’s called ei lay.
i’ve never known at once.
later or repeatly,i can know.
he,,he,,
sorry 4 my stupid.

commentinfo By: ei lay at Aug 25, 2011
Comment #13

တခွန်းထဲပဲ ပြောမယ် “မိုက်တယ်”

commentinfo By: Red Demon at Aug 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment