Professional Authors

အချစ် ၏ ………………………..

မြူခိုးက တိမ်ခေါ်
အလွမ်းငယ်အော် လို့
ဒဏ်ရာသက်သေ
လွမ်းမျက်ရည်ဖြင့်
နှလုံးသား ဆုံး
အချစ်လည်း ဆုံး
ဘ၀ ပါ ရှုံး
ချစ်ရတာ တစ်သက်တာ
ဘ၀မှာ အမှတ်အဖြစ်
သေရာပါခဲ့ပေါ့….။
ချစ်ခြင်းရဲ့နောက်ကွယ်
ဖြူစင်ခြင်း
ကြင်နာခြင်းကလွဲလို့
ကျန်တာ မတွေ့နိုင်
မျက်ဝန်းတစ်မှိတ်
လျှပ်တစ်ပြတ်အတွင်း
ညို့ယူနိုင်စွမ်း
အားပြင်းသောကြောင့်
အကြည့်ကြောင့်သေ
အလှကြောင့်မူး
သူ မာယာ မှာ
ကျွန်တော်ရှုးခဲ့သည်က သေချာသည်……။
ဘ၀သခင်
မာယာရှင်မို့
မေတ္တာမမြင်
သူ မခင်ဘဲ
ချစ်ခြင်း သံစဉ်
နားမထောင်ဘဲ
နားပိတ်ထားခဲ့လေရဲ့
အချစ်ဆိုတာဟာ
လူတစ်ယောက်တည်းရဲ့
ခံစားချက်မို့
တစ်ဖက်သူက
နားလည်နိုင်မှသာ
ခံသာနိုင်တာလေ…။
သူမသည်ကား
မျက်လုံးစုံမှိတ်
နားလည်းစုံပိတ်
လက်ဝါးဖြင့်ကာ
အချစ်အား မာယာဖြင့်ဖုံး
ကျွန်တော့် မေတ္တာအား
ကိစ္စတုံးပစ်ခဲ့လေသည်…..။
ကဲ ဗျာ
ကျွန်တော်နှလုံးသား
အသုဘ
သူမကို ကျွန်တော်
ရှေ့ဆုံးကဖိတ်ခဲ့လေရဲ့
လာပါလေရဲ့
ငိုပါလေရဲ့
ပြန်လိုချင်ပါရဲ့ လို့ တစာစာနဲ့
အော် နေချေရဲ့
ကျွန်တော် အော်ပြောလိုက်သည်
ကောင်းကင်ကြီးကို ကြည့်ရင်းပေါ့
သူမလည်း
ကြားလိမ့်မည် ဟု ထင်သည်………
“အချစ် သည် တန်ဖိုးထားသူ၏
အနားမှာသာ ကြာရှည်စွာနေတတ်လေသည်……..´´…………….။

In: ကဗျာ Posted By: Date: Oct 3, 2011
Comment #1

“အချစ် သည် တန်ဖိုးထားသူ၏
အနားမှာသာ ကြာရှည်စွာနေတတ်လေသည်……..´´…………….။
မဟုတ်ဘူးထင်တာပဲ နော်..အဲလို ကြီးတော့

Comment #2

မူခိုးက တိမ်ခေါ်
အလွမ်းငယ်အော် လို့
ဒဏ်ရာသက်သေ
လွမ်းမျက်ရည်ဖြင့်
နှလုံးသား ဆုံး
အချစ်လည်း ဆုံး
ဘ၀ ပါ ရှုံး
ချစ်ရတာ တစ်သက်တာ
ဘ၀မှာ အမှတ်အဖြစ်
သေရာပါခဲ့ပေါ့….။
ချစ်ခြင်းရဲ့နောက်ကွယ်
ဖြူစင်ခြင်း
ကြင်နာခြင်းကလွဲလို့
ကျန်တာ မတွေ့နိုင်
မျက်ဝန်းတစ်မှိတ်
လျှပ်တစ်ပြတ်အတွင်း
ညို့ယူနိုင်စွမ်း
အားပြင်းသောကြောင့်
အကြည့်ကြောင့်သေ
အလှကြောင့်မူး
သူ မာယာ မှာ
ကျွန်တော်ရှုးခဲ့သည်က သေချာသည်……။
ကဗျာကလည်းမိုးကြီးလေကြီးဆန်အောင်းကောင်းပါတယ်ဗျာ

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Oct 4, 2011
Comment #3

hote lar?

commentinfo By: ei lay at Dec 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment