Professional Authors

ဗိုလ်ချုပ်

အပွဲ ပွဲ နွဲ
အလဲ အကွဲ
တိုက်ပွဲ တိုင်းကို
အောင်နိုင်စွာတိုက်နိုင်သူ…။
ရန်သူတွေ ထိတ်လန့်
မိတ်ဆွေတွေ လေးစား
စွမ်းဆောင်ရည် ရှိ
မြင့်မြတ် သောသူ….။
နည်းဗျုဟာမြင့်
ပရိယာယ်ကြွယ်
ဆုံးဖြတ်မှန်ကန်
ကြီးကြပ်နိုင်လေသူ…။
နိုင်ငံအတွက်
အသက်ကိုပေး
အများအတွက်
ကိုယ်ကျိုးစွန့်သူ…။
ထက်မြက်ညဏ်ရည်
ဖြူစင်စိတ်ထား
လွန်စွာပြတ်သား
လူအများက ယုံကြည်ရသူ…။
နှလုံးပြည့်စုံ
လက်ရုံ ပြည့်စုံ
ပြည့်စုံပြည့်စုံ
တစ်ရာမှာတစ်ယောက် မရှိလေသူ…။
တစ် နိုင်ငံ
နှစ် လူမျိုး
အမျိုးသိက္ခာ
ဘာသာ သာသနာ
မြှင့်တင် ရန်ကြိုးစား
ဘာဝနာပွားသည့်သူ….။
အနေဆင်းရဲ
အစားဆင်းရဲ
ပင်ပန်းစွာကျင့်
ခက်ခဲ စွာ ကြံ ခဲလေသူ….။
ထိုကဲ့သို့
အထူးထူးသော
ဂုဏ်ရည် မြင့်မြတ်
တို့တတွေ အစဉ် မမေ့အပ်သောပုဂ္ဂိုလ်ထူး….
အဖေ အဖေ ကို အစဉ်လေးစားလျှက်ပါ
အဖေ……………………။

In: ကဗျာ Posted By: Date: Aug 23, 2011
Comment #1

nice.

commentinfo By: ei lay at Aug 23, 2011
Comment #2

ဟုတ်တယ်နော်…မမေ့သင့်တဲ့ပုဂ္ဂုလ်တစ်ဦးနော်…
အားပေးသွားပါတယ်ဗျာ…

commentinfo By: ချမ်းငြိမ်းအောင် at Aug 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment