Professional Authors

★•.☆မိုးဆိုတာ☆•.★

ငါ့သဲ…….!!!
ဒီိလို….မိုးတွေရွာတိုင်း
ငါ့..ရင်ခွင်တခုလုံး အလွမ်းမိုးတွေ ….
နေရာလပ်မရှိအောင်ကို သည်းသည်းမဲမဲပေါ့….၊

မိုးဆိုတာ…!!!
“အလွမ်းတွေကို သယ်ဆောင်လာတဲ့…
လေပြည်ညှင်းလား”…?

မိုးဆိုတာ…!!!
“အလွမ်းတွေ စတင်စီးဆင်းလာဖို့
အစပြုတဲ့ ….မြစ်ဖျားခံရာ ချောင်းတစ်ခုလား”…?

မိုးဆိုတာ…!!!
“အလွမ်းကြယ်တွေ လင်းလက်စေဖို့ ….
အလင်းရောင်တွေပေးတဲ့ လမင်းတစ်စင်းလား”…?

ဒါမှမဟုတ်… မိုးဆိုတာ… ?

ငါ့အတွက်တော့…
မင်းရဲ့အေးချမ်းတဲ့ ရင်ခွင်တစ်စုံရဲ့ အဝေးမှာနေနေတာဟာ
မချစ်လို့မဟုတ်တာတော့ သေချာပါတယ်….?

ကမ္ဘာဦးက ချစ်သူတွေဖြစ်တဲ့
အာဒံနဲ့ဧ၀ထက်တော့…တို့ချစ်သူနှစ်ဦးက သာမှာပါ…
ဘာလို့လည်း ဆိုတော့….သူတို့နှစ်ဦးက…
“အလွမ်းဆိုတာကို သိမှာတောင် မဟုတ်ဘူးလေ”…..

18.5.2010 ( ပြန်လည်ခံစားခြင်း)
★•.☆ ϰσмɛƨιcκ ☆•.★

In: ကဗျာ Posted By: Date: Oct 12, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment