Professional Authors

သူမ ဟာ……………။

ဖြူစင်တဲ့ မျက်နှာ
လှ ပတဲ့အပြုံ
ရွန်းလဲ့တဲ့ မျက်လုံးပိုင်ဆိုင်ထားလေသူ…။
ရတနာတွေ စီခြယ်
ကျောက်မြက်တွေ အလှဆင်
ဘက်ပေါင်းစုံကို လှပစွာ ဆင်ယင်ထားသူ…။
နားလည်တဲ့စိတ်ထား
သနားတဲ့ကရုဏာ
သန့်ရှင်းတဲ့ စေတနာ လူတိုင်းအပေါ်ထားနိုင်သူ…။
မျက်ရည်ကိုတိုက်ဖျက်
အရယ်အပြုံးတို့ကို တလှည့်စီပေါင်းဖက်
မေတ္တာသက်သက် သာကိုင်ဆောင်ထားနိုင်သူ….။
အပေါင်းအသင်းဆံ
စိတ်ထားသန့် ဖြင့်
ဆရာ ဆရာမ လူကြီးသူမ စောင့်ရှောက်အလေးထားသူ…။
ယုံကြည်မှု
ခိုင်မာမှု
တည်ကြည်မှု တွေကိုကိုင်ဆွဲ စိတ်ထား မြတ်သူ…။
ထို့သို့ဂုဏ် ရည်
ထို့သို့ အရည် အချင်း
ထိုသို့ စိတ်ထား
ထိုသို့ ရုပ်ရည်
ထိုသို့  ထိုသို့ များစွာ များစွာ
ပိုင်ဆိုင်ထားသူ….။
သူမ သည်ကား
တခြားမဟုတ်
ကျွန်တော့်ချစ်သူ
မည် သူကမတန်ဘူးပြော
အပြုံးမပျက်
လက်တွဲ ဆက်ခဲ့သူ
အကြင်နာမှန်
ချစ် ခြင်းမှန်လို့
နောက်ဆုံး စက္ကန့်
နောက်ဆုံးထွက်သက်ထိ
သူမနဲ့ အတူရှိပရစေ
သူမ ဟာ ငါ့အတွက် တော့
နတ်သမီးပါ
ဘုရားပေးတဲ့ဆုပါ
မျော်လင့်ခြင်းမိုးကောင်းကင်ပါ
သူမဟာ…………….။

In: ကဗျာ Posted By: Date: Aug 21, 2011
Comment #1

တော်တော်လေးကောင်းပါတယ် အားပေးသွားတယ်

commentinfo By: Village chat kyi at Aug 21, 2011
Comment #2

wow,,,
mike de kwar.
d loak taung hla p taw loh lar?
yone par bu,
pya hma yone me.

he,,he,,
just teasing u.

u r so lucky guy.
u r worth with her,.

commentinfo By: ei lay at Aug 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment