Professional Authors

“ အမျိုးသားရေး ”

“ အမျိုးသားရေး ”
= = = = = = =
ဤကမ္ဘာဟူသည်ကား
လူသားတို့ စီရင်ဖန်တီးသမျှ
ကောင်းမွေ ဆိုးမွေ အထွေထွေကို
ကြံ့ကြံ့ခံ ရင်ဆိုင်လျှက်
အဖြူရောင်သက်သက်။

ငြိမ်းချမ်းမှု အစဉ်လိုလား
ဤမြန်မာဟူသည်ကား
အနီရောင် ကွပ်လျှက်
တို့အ၀န်းအ၀ိုင်းပေါ်
ကျရောက်လာသည့် အန္တရာယ်
တို့အန္တရာယ်။

အတူယှဉ်တွဲ နေထိုင်လာခဲ့ကြတဲ့
တိုင်းရင်းသား ညီအစ်ကိုတို့သည်ကား
တစ်သွေးတည်း ၊ တစ်သားတည်း။

ချစ်ကြည်သော ညီအစ်ကိုတွေ
တွဲလက်တွေမြဲစေရယ်လို့
မြန်မာသာမက
ကမ္ဘာက စောင့်ကြည့်လာရတဲ့
အစွန်းရောက်ဝါဒီတွေရဲ့ဘေး
တို့တွေ သွေးအေနေလို့မရ။

တို့ကိုယ်တိုင် အနိုင်မပိုင်းပါပဲ
တို့အ၀န်းအ၀ိုင်းကိုခို
တို့ကိုဖြင့် အနိုင်ပိုင်းလိုသူ
လူရှုပ် လူယုတ် တို့သည်ကား
အကြံပက်စက် ယုတ်မာတတ်စွ။

အမျိုးသားနိုင်ငံတော်ရယ်လို့
ဖြစ်တည်လာခဲ့ကြသည်ကား
ကိုယ့်စည်းနှင့်ကိုယ်နေ
ကိုယ့်စည်း သူမဖောက်
သူ့စည်း ကိုယ်စောင့်ရမယ်
ဒီလိုမှ လူသားဆန်စွာ
အတွေးသညာမပါဘဲ
စည်းဖောက်လာသူ
တို့ရန်သူ။

တို့တွေမှာ အန္တရာယ်
ရန်စွယ်တွေ ပတ်လည်ဝိုင်း
တို့အ၀န်းအ၀ိုင်းကို တို့ကာကွယ်မယ်
တွဲလက်တွေ ညီကြပါစို့ ။ ။

နောင်တော်လေး (ဘိုကလေး)
(19 – 12 – 2013)

In: ကဗျာ Posted By: Date: Jan 6, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment