Professional Authors
လွမ်း လို့ ……………
လွမ်း လို့ ….
ဘေးလွယ်အိတ် ကို ကျောပိုးလို့ ..
သဲကြိုး ဖိနပ် လေး  လက်ကြား ညှပ် ပြီး
ကျောင်းတက် ခေါင်းလောင်း အမှီ
အပြေး ပြိုင် ခဲ့ ရတာလေး…..
မုန့် စားကျောင်းဆင်းတဲ့ ခေါင်းလောင်းသံလေး
ကြာဆံဆိုင် အပြေး အလွား သွားလို့ 
ဓားလှီး ရေခဲချောင်းလေး စုပ်လို့ ….
စက္ကူ စွန် တွေ ခေါက်ကြမလို့
ရာသီ အလိုက် ကစား နည်းတွေ ကစားချင်သေးလို့ 
ဆရာမ စာသင်နေတုန်း
အနောက် ကနေ စာအုပ်လှန်တိုင်း ကစားမလို့ 
လက်ညိုးတစ်ချောင်း ထောင်ကာ
” ဆရာမ .. သား အပြင် ခဏ ထွက်ချင်လို့ …”
ဆရာမကို စာ ပြ ရင်း
တော်  ဆိုတာ လေး လိုချင်သေးလို့ 
စာမေးပွဲ အောင်  အောင်
တမာ ရွှက်တွေ မြေမခ ခင်
ကျောင်း ဆင်းချိန် ရောက် ရင်
ကျောင်းတံခါးပေါက် အပြေးအလွား တိုးကာ
အိမ် ကို အမြန် ပြန် ရောက်ချင်လို့ 
ကျောင်းပိတ်ရက် ကို လက်ချိုး ရေတွက်လို့ 
ရပ်ကွက်ထဲမှာ ဘောလုံး ကစားမလို့ 
ဇ န် ရိုက်တိုင်း ကစားချင်သေးလို့ 
ကျင်း (တွင်း) ထဲ ဂေါ်လီ လိမ့် ကာ
တူတူပုန်းတမ်း ကစားကြ မလို့ 
လွမ်း  လို့ ……….
အမေ ရိုက်ရင် အောင်ကြီး ဟစ်ကျယ် ငိုချင်သေးလို့ ……….။(လုလင်ငယ်သွေး)
In: ကဗျာ Posted By: Date: Aug 21, 2011
Comment #1
ကိုလုလင်ငယ်သွေး
အားပေးသွားပါတယ်။
commentinfo By: poem.poem28 at Aug 21, 2011
Comment #2
အောင်ကြီးဆိုတာ ဘူလဲ ကိုလုလင်ငယ်သွေး ငယ်နာမည်တော့ မဟုတ်ပါဘူးနော် ( နောက်တာပါ ) ကဗျာလေး ဖတ်လို့တကယ်ကောင်းတယ်ဗျ ကျွန်တော်လည်း အမေထမင်းခွံ့ကျွေးခဲ့တာလေးကို လွမ်းတယ် ။
commentinfo By: X - ray at Aug 21, 2011
Comment #3
ha,,ha,,,
nice poem,,,
ko lu lin thu nge pyan nay par d.
commentinfo By: ei lay at Aug 22, 2011
Comment #4
အော် ကြီး ရေးတာ ဟီးးးးးး
ကျေးဇူး တင်ပါတယ်
Comment #5
ဆရာမကို စာပြရင်း တော်ဆိုတာ လိုချင်ရင်တော့ ကျူရှင်တက်ပေါ့…………….။တော် တင် မက အဆင့်ပါ ၀င်မယ်။
Comment #6
တကယ်ကိုလေးစားအားပေးပါတယ်ခင်ဗျာ။ငယ်ငယ်ကမူလတန်းကျောင်းလေးနဲ့အတူ သူငယ်ချင်းတွေကိုကဗျာလေးဖတ်ရင်းလွမ်းမိပါတယ်။
commentinfo By: min myat at Jul 19, 2013
Comment #7
လွမ်း လို့ ……….
commentinfo By: MyoZin at Jul 20, 2013
Leave Comments
Name*
Email*
Website
Email me whenever there is new comment