Professional Authors

သူ့နေရာ-ကဗျာချစ်သူ(ဘုတလင်)

*ဟိုကဟိုလို ဒီကဒီလို
တစ်နေ့တစ်နေ့
ကျောင်းသားအများ အော်ဟစ်ရတာ
ကျောင်းရဲ့အကြီး ဆရာမကြီး..
*မဟုတ်တာပြင် မထင်တာပြော
ရုံးသူရုံးသား
အလုပ်များနှင့် စိတ်ညစ်ရတာ
ရုံးရဲ့အကြီး ရုံးအုပ်ကြီး..
*ဟိုစာရင်းကိုင် ဒီစာရင်းတွက်
တစ်နေ့တစ်လွှား
အလုပ်များနှင့် မနားရတာ
အလုပ်ရှင်ကြီး မန်နေဂျာကြီး…
*ဆရာမကြီး ရုံးအုပ်ကြီးနှင့်
မန်နေဂျာကြီး
ကိုယ့်သောကနှင့် ဆေးရုံအဝ
ဆုံတွေ့ကြ၍ ဆူခံရပြီ..
*ဘယ်အချိန်မို့လဲ စည်းကမ်းမရှိ
ဘာမှတ်နေလဲ ဘယ်သူတွေလဲ
တကတည်းဘဲ ဆူဆဲနေတာ
ဆေးရုံအ၀ တံခါးစောင့်တည်း။

In: ကဗျာ Posted By: Date: Jan 6, 2013
Comment #1

ဟိဟိ … ခုမှပဲသိတော့တယ်ရှင့်

commentinfo By: မေပျို at Jan 7, 2013
Comment #2

right.
i agree…
but now i won’t afraid these problems no more.
i m ok & also ready to face all difficulties,

commentinfo By: ei lay at Jan 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment