Professional Authors

ဆရာမ ဆိုတာ စနောက်ဖို့ အတွက်လား

ကျွန်မ က သူနာပြု တက္ကသိုလ် ကျောင်းဆင်းတစ်ယောက်ပါ

ကျောင်းတက်ကတည်းက အင်္ကျီ အဖြူ လုံချည် အနီ Uniform ၀တ်ရတာ အခု အလုပ်ဝင်ချိန် အထိပါပဲ

အဲဒီလိုUniform နဲ့ ကျောင်းသွားကျောင်းပြန်ကတည်းက စပြီး

အခု အလုပ်သွား အလုပ်ပြန်အထိကို  Uniform နဲ့ ပဲ သွားတာလာတာပါ

ဒါပေမဲ့  အချို့ သော သူတွေက အမြဲ စနောက်ပါတယ်

ဗိုက်အောင့်နေလို့ ပါ  ဆရာမ  ဆို ပြီးအမြဲပြောခံရတယ်

ဆိုက်ကားသမားအစ  ကား သမားအဆုံးပါပဲ

တကယ်တမ်း ဆို ရင် Uniform နဲ့ သပ်သပ်ရပ်ရပ် သွားတာလာတာပဲ

စနောက် စရာကောင်းအောင် ကလက်နေတာလဲမဟုတ်ဘဲ အဲဒီလိုပြောကြတော့  စိတ်ထဲ မှာ တစ်မျိုးကြီးပဲ

ကိုယ့် Uniform ကပဲ အဲဒီလို စနောက်ချင်စရာကောင်းနေတာလား

ဘာမှန်းကို မသိတော့ ဘူး..။

သူနာပြုဆရာမ ဆို တာ လေးစားချင်စရာ မကောင်းတဲ့သူတစ်ယောက်ဖြစ်နေ တာ လား

ဒီစာပိုဒ်ကိုများ ဖတ်မိခဲ့ ရင် အဖြေရှာပေးကြပါဗျာ

In: ဆောင်းပါး Posted By: Date: Dec 29, 2010
Comment #1

စတဲ့လူက တော့ ပျော်စေ ပျက်စေ စတာ ရှိတလို ချစ်လို့ ခင်လို့ စတာ လဲ ရှိတယ် ဒါပေမယ့် အစ ခံ၇တဲ့သူက ခံရခက်တတ်တယ် သူနာပြူဆ၇ာမကို ဘာလို့ စသလဲဆိုတာ ကျနော်လဲသိချင်ပါတယ် ကျနော့ အထင်ပြောကြည့်မယ်နော် မှားတာ၇ှိ ၀န်ဒါမိပါ သူနာပြုဆ၇ာမကို တ၇င်းတနီှး ရှိခဲ့ကြ၇တဲ့ မိတ်ဆွေတယောက်လိုမျိုး သဘောထားလို့ ၇ယ် ချစ်စ၇ာ ခင်စ၇ာ အမျိုးသမီးထုလို့ ယူဆကြပြီး စနောက်တာလို့ အကောင်းဖက်က တွေးကြည့်တာပါ။သူနာပြူဆ၇ာမကို လူတွေအမျိုးမျိုးမြင်လိမ့်မယ် လူအမျိုးမျိုး စိတ်အထွေထွေရှိတယ်ဆိုတော့ကာ…..သူငယ်ချင်းတယောက်ရဲ့ အကို တယောက်ပြောတာ ပြောပြ၇၇င် မိန်းကလေးတယောက်အတွက် သူနာပြုအလုပ်က အသင့်တော် ဆုံးပဲတဲ့ သူ့ညီမကို သူနာပြုပဲ လုပ်ခိုင်းမယ်လို့ ဆိုတယ်။

commentinfo By:ိdan at Dec 29, 2010
Comment #2

မိန်းကလေးတစ်ယောက်အတွက် ကျောင်းဆရာမက အကောင်းဆုံးပါဗျာ …….. ကျွန်တော့် ထင်မြင်ချက်ကို ပြောတာပါဗျာ။ အဖြေရှာပေးရလောက်အောင်တော့ ကျွန်တော် ဥာဏ်မမှီဘူးဗျ။ ပြောရမယ်ဆိုရင် သူနာပြုဆိုတာ လူတွေအတွက်လိုအပ်ပါတယ်။ သူနာပြုဆိုတာ ဒီလောကမှာ မရှိလို့မဖြစ်ဘူးဗျ။ စစ်ဘေးတွေနဲ့ ရောဂါဝေဒနာ အပြင်းအထန် ခံစားနေရတဲ့ သူတွေအတွက် ဆရာဝန်တွေ သူနာပြုတွေဆိုတာ တန်ဖိုးရှိလှပါတယ်ဗျာ။ ဒါပေမယ့် တစ်ခု ပြောချင်တာက သူနာပြုဆရာမလေးတွေဟာ ယောက်ျားပဲ ဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် လူနာဆိုရင် တန်းတူ အနီးကပ်ပြုစုရတာဆိုတော့ အင်း ဘယ်လိုပြောရမလဲဗျာ တချို့သော လူတွေက ငခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုသလို သူနာပြုဆရာမလေးတွေကို စိတ်သဘောထားသေးတဲ့သူတွေအတွက် စနောက်ချင်စရာ ဖြစ်လာတာ ဖြစ်မယ်လို့ ထင်တယ်။
တစ်ခုတော့ ပြောမယ်ဗျာ လောကမှာ လူတွေဟာ သူ့နေရာနဲ့သူ တာဝန်ယူ ထမ်းဆောင်နေကြရတဲ့ သူတွေချည်းပါဘဲ။ ဆိုက်ကားသမားရှိဖို့ လိုအပ်သလို အရမ်းချမ်းသာတဲ့ သူတွေရှိဖို့လည်း လိုအပ်ပါတယ်ဗျာ။
ဒါမှလည်း လောကကြီးက အချိုးကျ လှပနေမှာပေါ့။ ဒါကြောင့် သူများတွေ ဘယ်လိုစနောက်နောက် လူဆိုတာ ကိုယ့်အကြောင်းကိုယ်အသိဆုံးမို့ မရီမပြုံး ချိုသောမျက်နှာနဲ့ လူနာတွေရဲ့ ဝေဒနာကို ဖြေဖျောက်ပေးနိုင်တဲ့ ဆရာမလေးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ………

Comment #3

ခေါင်းစဉ်ကြည့်ပြီး ဖတ်မိသွားလို့
ဆရာမအချင်းချင်း ကိုယ်ချင်းစာပါတယ်။
ကျောင်းဆရာမလည်း အစခံရတာပါပဲ။
ဒါပေမယ့် သူတို့စတာ ကိုယ်မဟုတ်ဘူးလို့ တွေးပြီး ဖြေသိမ့်လိုက်ပါ။
အဓိက က ကိုယ့်သိက္ခာနဲ့ ကိုယ်လုံခြုံနေဖို့ပါ။
အမတို့လည်း သည်လိုပါပဲ။
စိတ်မညစ်နဲ့နော်။

commentinfo By: Chan Mya Nandar at Dec 31, 2010
Comment #4

ဆရာမ ဆိုတော့
အားကိုးလို့စတာပါ
သဲတို့တွေတောင်မှ ဆရာမလေးတွေမြင်ရင် အရမ်းချစ်တယ်
သဲတို့က တော့ချစ်လို့စသေးတယ်
ပြီးတော့ အားကိုးတယ်

commentinfo By: thaeoongae at Jan 4, 2011
Comment #5

ကျေးဇူးတင်ပါတယ်..
ခုလို ပြောပေးကြလို့ ပါ

commentinfo By: Blar at Jan 29, 2011
Comment #6

so nice,

commentinfo By: ei lay at Mar 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment