Professional Authors

ခရမ်းစက်

နေ့ နဲ့ ညရဲ့  ဈာပန ကို အပြန်အလှန် လိုက်ပို့ ရင်း
ကိုယ်တူးတဲ့တွင်းတောင် ၂၄ ကျော်ခဲ့ပီဘဲ…

ရောမလို ကျင့်နေပေမယ့်
ကိုယ့်ရောက်နေတာက ရောမမှမဟုတ်တာ
အဖြူမဟုတ်ရင် အမည်းလို့ သတ်မှတ်ချင်တဲ့ လူတွေရဲ့ အကြား
ခရမ်းစက်လည်း နေရာပျောက်နေခဲ့ရပြီ။

အများမိုးခါးရေသောက်တိုင်း လိုက်မသောက်နိုင်တော့
ရုးတယ်လို့  သမုတ်ချင် သမုတ်ကြပါစေတော့…

ထမ်းထားရမယ့် ကမ္ဘာကြီးအတွက်လည်း
ဘာမှ များများစားစားချန်မထားနိင်ခဲ့လို့ 
သူ့ ရှေ့ မှာ ခေါင်းမော့ရင်ကော့နိင်ပါတယ်..

တကယ်တော့ ညီမလေးရေ
ထားခဲ့တဲ့ အချစ်တွေကို
ကမ္ဘာကြီးနဲ့ အတူ သိမ်းဆည်းထားနိုင်ရင်
ကျေနပ်နေမယ့်သူတစ်ယောက်ပါကွယ်…

In: ကဗျာ Posted By: Date: May 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment