Professional Authors

စိတ္တဇလမ်းမများ

သတိတရနဲ့ ပြန်လည်တူးဖော်ကြည့်တိုင်း
နှလုံသားလေး စူးနင့်နာကျင်နေရတယ်
ခြေတစ်လှမ်း လှမ်းတိုင်း
မင်းနာမည်ကိုမှ တဖွဖွ
ရေရွတ်မိနေတုန်း …

မပြောရက်ခဲ့ပါဘူး
မှော်မတတ်တဲ့ငါ့ကိုမှ
ဘာကြောင့်ရွေးပြီး ပစ်ခတ်ခဲ့သလဲ လို့ …
မေးလဲမမေးရက်ခဲ့ဘူး
အချစ်ဆိုတာက
ကြားနေကျအတုအယောင်တွေထဲက
တစ်ခုပဲလား လို့ …

ခွဲခွာခြင်းတွေ လိမ့်ဆင်းလာတဲ့
မင်းရင်ခွင်ကမ်းပါးမှာ
တစ်စုံတစ်ရာမစွန်းထင်းခဲ့ပေမယ့်
အမည်မဖော်နိုင်တဲ့ဝမ်းနဲကြေကွဲဖွယ်ရာ
တစ်စုံတစ်ရာတွေဟာ
ငါ့မျက်ဝန်းမှာ တွဲလွဲခိုလို့ကောင်းနေဆဲ … ။  ။

In: ကဗျာ Posted By: Date: Aug 13, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment