Professional Authors

ချစ်ဥယာဉ်မှူး

မျိုးစေ့ မမှန် ပင်မသန်တဲ့
ချစ်ခြင်းအမှန် မို့
မေတ္တာမျိုးစေ့
ရှင်သန်စေခဲ့ပြီ
အလှ မှာ နွယ်
အမြစ်မှာ အချစ်သို့
ရှင်သန်ကာရစ်လို့
အသည်းကိုချည်
သံယောဇဉ် ရေ
သွန်းကာဖြိုး
စိုက်ကာပျိုးထားသည့်
ထို အပင်
မြေလောင်းပေါင်းသင်
ပင်ရင်းရယ်တဲ့
မှန်စေဖို့
ချစ်ခြင်းရယ်တဲ့
စိုက်ကာပျိုး
အသည်းကို မြေသြဇာ
နှလုံးကို မြေဆီမြေနှစ်
စေတနာက နေရောင်ကဲ့သို့
အသီးအပွင့်ကို
မမျှော်ကိုး
တကယ့်စိတ်ရင်းနဲ့
အမှန်ပျိုးထားသည့်
ကျွန်ုပ်ရင်ဝယ်
အမြစ်တွယ်
ရှင်သန်လာသည့်
အချစ်သစ်ပင်…..။

In: ကဗျာ Posted By: Date: Aug 16, 2011
Comment #1

mike de kwar.
sa kar lone tway ka lone wa mike de.
kar yan le like dot phat ya tar de ke ko a hnit shi de,
taw like tar a yan be.
a yan ko tin sar tat de.

commentinfo By: ei lay at Aug 16, 2011
Comment #2

ပိုးသတ်ဆေးဖျန်းဖို့ လိုနေလို့ ပါ သူငယ်ချင်းရာ 🙂

commentinfo By: ကိုကိုဇော် at Aug 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment