ခရီး
တစ်လှေတည်း စီးနေကျပေမယ့်
တစ်ခရီးတည်းသွားရမယ်လို့
ဘ၀က ငါတို့ကို မြေပုံကားချပ်ရေးဆွဲပေးမထားဘူး။
တွေ့ဆုံခြင်းဆိုတာ…
တကယ်တော့ ဟန်ဆောင်ပွင့်ပြနေတဲ့
ခွဲခွာခြင်းမှတ်တိုင်…..။
နှုတ်ဆက်ထွက်ခွာခြင်းမှာက
ပုံသေနည်းမရှိခြင်းတွေကိုရောထားတယ်။
အခုမက်လက်စ အိပ်မက်မှာ
ငါတို့က …ကြိုးစားလှော်ခတ်သူ လူတန်းစား
ဒီကြားထဲ အကြိမ်ကြိမ်ယိုစိမ့်ခံခဲ့ ရတဲ့
ငါတို့ရဲ့ သိက္ခာတရား…….။
သည်းခံမှုဒီဂရီ အမြင့်ဆုံးနဲ့ ဖာထေးကုသရင်း
နှလုံးသားမှာ နစ်စိုက်ဒဏ်ရာက
ရောဂါ ရင့်ချိန်တန်လာတော့….
သူငယ်ချင်း မင်းဟာ ဆောင်းခိုငှက်လို့ခရီးလွင့်ခဲ့ပြီ။
ကိုယ့်ရင်ခွင် ကို ရွှက်ထည်ချူပ်
ကိုယ့်လက်နဲ့ ကိုယ်လှော်
ကိုယ့်မြစ်မှာ ကို စီးလို့
ကိုယ့်ခရီး ကို “၁” ကနေ့ပြန်စလွှင့်ရမှာ
အမှန်တရားမို့ သူငယ်ချင်းရေ…။
ငါ……..မျက်စိတစ်ဖက်ကကြည့်ရင်..
ငါ…၀မ်းနည်းတယ်…။
နောက်ထပ် မျက်စိတစ်ဖက်က ကြည့်ရင်.
.ငါ..ငါ….၀မ်းသာချီးကျူးမိတယ်…။
ငါတို့ အားလုံးအချိန်ရေလျဉ် မှာ
ကိုယ့်ကမ်းခြေကိုယ် သွားရမှာမို့
မင်း စောစော ပြေးထွက်ခြင်းဟာ..
မမှားတဲ့ အမှန်တရားတစ်ခုပါ..။
အငွေ့
Comment #2
i like this poem..
By: kyi kyi at May 12, 2010




Comment #1
ဒီကဗျာလေးကို အရမ်းကြိုက်ပါတယ်