Professional Authors

အတိတ်

နတ္ထိလောက သုံးပါးချိန်ခါ
ကုန်ဆုံး အတိတ်
ဖြစ်ဆဲ ပစ္စုပ္ပန်
ကြုံမည့် အနာဂတ်
ဖြတ်သန်းရမည့် ဓမ္မတာ
မလွဲဧကန်သာ။

ကြုံဆုံ အတိတ် ကြမ္မာဆိုး
ကြောင့်ကြ အားငယ်
လွမ်းရိမ်ငင်ငင်
ရှိခဲ့စေငှား
အားယုတ်ပျောက်ပျက်
အလျော့ပေးကာ
အတိတ်လည်စင်း
ခံမတဲ့လား။

အားတင်းကာလှည့်
အတိတ်ခြေနင်း
တက်ပါ မိုးမြင့်
ပညာရှိ
ဆင်ခြင် တခါ
ထပ်မမှားစေ
ကိုယ့်ကို 
သတိ ရှိစေသား။

~မေသူ~ 

In: ကဗျာ Posted By: Date: Aug 15, 2011
Comment #1

good

commentinfo By: han paing oo at Aug 15, 2011
Comment #2

ကုံဆုံ အတိတ် ကြမ္မာဆိုး
ကြောင့်ကြ အားငယ်
လွမ်းရိမ်ငင်ငင်
ရှိခဲ့စေငှား
အားယုတ်ပျောက်ပျက်
အလျော့ပေးကာ
အတိတ်လည်စင်း
ခံမတဲ့လား။

commentinfo By: May Kha at Aug 15, 2011
Comment #3

လုလင် လာရောက်အားပေးသွားပါသည်

Leave Comments

Name*

Email*
Website
Email me whenever there is new comment