Professional Authors

လုံး ၀ မသက် ဆိုင် တော့ တဲ့ အတိတ် က ပုံ တို ပတ် စ များ

နင် နဲ့  ငါ ပြတ်သွားတော့
နင် လဲ အမုန်း မပွား ငါ လဲ အမုန်း မထား
နင့် လမ်း နင် လျှောက်
ငါ့ ခရီး ငါ ပေါက် လို့ 
ခု ဆို . . . ငါ့ရင် ထဲ မီး တွေ ငြိမ်းနေပြီ
နင် လဲ ငြိမ်း လောက် ပြီ ပေါ့ . . .

တစ် က ပြန် စ ကြ ရ တဲ့ ဘ၀ မှာ
နင့် အချိုး အကွေ့ တွေ နင့် အခက် အခဲ တွေ ကြား မှာ
နင့် ခံ နိုင် ရည် တွေ က ပြည့်ဝ လို့ 
နင့် ဘ၀ ထဲ နင် နေ သား ကျ နေ လောက် ပါ ပြီ
ခဲ မှန် ဖူး တဲ့ စာ သူ ငယ် ဆို လည်း
နင့် ရင် ဘတ် ထဲ က ဒဏ် ရာ ခဏ လောက် ဖျောက် ထား ပါ

နာ စ ရာ တွေ သုံး မှ ဒီ ဒဏ် ရာ တွေ နင် ပြန် မလွမ်း မိ မှာ
ကိုယ် ထူ မှ ကိုယ် ထ ရ မဲ့ ဘ၀  . . . နင့် အတွက် နင့် ဘက် မှာ နင် ရှိ တယ်  . . . .

လျှော် လိုက် ပါတော့ ကွာ
အမှန် တရား တွေ ပါ ဆို ပြီး ဒဏ် ရာ သင် ခန်း စာ တွေ ပို့ ချ လို့ 
မာယာ တွေ သုံး …မစာ မနာ  ငါ . . . . ချန် ခဲ့ တာ ကို 
ရုပ် ကြွင်း တွေ ပြန် အသက် သွင်း . . .  မနက် ခင်း တိုင်း နင် ဆက် တတ် တဲ့
ငါ့ အမေ ဆီ သို့ ဖုန်း . . . သံယောဇဉ်စ ဖြတ် ချ လိုက် ပါတော့
သား သမီး ချင်း ကိုယ် ချင်း စာ လို့   နား ချ ချ တတ် တဲ့
အမေ့ ရဲ့ နင့် အပေါ် စာနာမှု စကားလုံး တွေ က
ငါ့ ရင် ထဲ က ငြိမ်း လက် စ မီး  အကင်း မသေ ချင် ဘူး . . .

ငါ့ စိတ် တွေ လေ . . . . ပေ တေ တဲ့ နေ့  က
အမှောင် ဆန် ဆန်  ကဖီး ဆိုင် လေး ထဲ  က
သူငယ်ချင်း တစ်ယောက် ရဲ့ စကား လုံး  က
ငါ မင်းရဲ့  ချစ်သူဟောင်း ကို ချစ် နေပြီ ” တဲ့
တစ်စုံ တစ်ရာ တော့ မြည်ဟည်း သွားတယ်
အသံတော့ မရှိ ခဲ့ ဘူး
အတိတ်တွေကို မေ့ . . . ဘော် ဒါ ဆို တဲ့ အကန့် နဲ့ 
နင့် ဖုန်းနံပါတ် သူ့ ကို ပေး  ပါ တဲ့  . . .
ဟင့်အင်း . . . .  ငါ့ ကိုယ် ငါ ငြင်းတယ်
ဝေဒနာ အသိ တွေ နဲ့ အဖြေ ရှာကြည့်ပြန်တော့
နင် င့ါချစ်သူ မှ မဟုတ်တော့တာ .  . . .
. . . . . . .
   . . .  . . . .
       . . . .  . . .
ကိုယ့် ချစ်သူ အဟောင်း ကို . . . ကိုယ့်သူငယ်ချင်း နဲ့ 
ထပ်ချိပ် ပေး ရအောင် လဲ  . . .  ငါ အောက်တန်း မကျသေးဘူး
ငါ အောက် တန်း မကျ သေး ဘူး
. . . .

ဒီ လို နဲ့  အဲဒီ လူ ယဉ် ကျေး  ကို  
ငါ ယဉ်ယဉ်ကျေးကျေး လေး ငြင်းခဲ့ ပါတယ်
အဲဒီ ည က     အရက် တွေ ရော ထား တဲ့ ဂစ် တာ သံ ဟာ
နင့် ကို လွမ်း ခြင်း မဟုတ် ကြောင်း  ငါ  ရွာ နေတဲ့ မိုး  အား တိုင် တည် ခဲ့ တယ်
ဘာ ပဲ ဖြစ် ဖြစ် အမှန် တရား က ဒီ အချိန် ငါ့ဘက် က  ထောက်ခံ ထား ဆဲ . . . .

ဒီလိုနဲ့ … ငါ ပျင်း ရ မှာ ပျင်း တဲ့ နေ့  က
ခုံ ပု လေး တွေ နဲ့  ပ နံ ရ လှ ပ တဲ့ ကဖီး ရိပ် အောက် မှာ
အဝေး တစ်ေ န ရာ ငေး နေ ခိုက်
တောက် ပ တဲ့ အပြုံး ကို နှ လုံး  သား မှာ ချိပ် ဆွဲ ပြီး ပြေး လာ တဲ့ 
ထို . . . ထို သော သူငယ်ချင်း  . . .
နင့် ဖုန်း နံ ပါတ် ရ ကြောင်း . . . ငါ့  နား ထဲ ကို ရိုက် သွင်း တယ်
လေ ခပ် ပြင်း ပြင်း တစ် ချက် တော့ တိုက် သွား တယ်
အဟုန် တော့ မပါ ဘူး 

သူ က နင့် ကို message  တွေ ပို့  ကာ
နင် မသိ တဲ့ သူ က နင့်ကို သိ တဲ့ သူ ပါ ဆိုတဲ့  psycho တွေပေး
နင့် ခေါင်း တွေ ကိုက် စေ ခဲ့ ကြောင်း . . . သတင်းဆိုး တွေ ကြား လိုက် တယ် . . .
ဒီ အတွက် ငါ့ ပရောဂ မပါ ကြောင်း နင့် ကို သိ ကောင်း စေ ချင် ရဲ့ . . . .

ဒီ လို နဲ့  ….ဒီကိစ္စ တွေရဲ့ နောက်. . . . ငါ ဆွဲ ဖြုတ် ထား တဲ့ ပြက္ခဒိန် စာရွက် ခုနှစ်ရွက် ပြည့်တဲ့ နောက် မှာ
ငါ့ ရဲ့ ဖုန်း တုန် ခါ မှု တစ်ခု က တစ် စုံတစ် ယောက် ခေါ် ဆို နေ ပြီ ဆိုတာ အချက် ပြတယ်
ငါ့ memory ထဲ မှာ ဘယ် လို မှ ထာဝရ ဖျောက်ဖျက်လို့ မရ တဲ့ 
အကျွမ်း တ၀င် ရင်းနှီးခဲ့ဖူး သော နံပါတ် ခုနှစ်လုံးက  အတိတ် ကို ပြန် နိုး
ငါ အဲ ဒီ ခေါ် ဆို မှု ကို မငြင်း ခဲ့  ဘူး  . . .
နင့် ရဲ့  ခရီး ဦး ကြို ပြု စကားလုံးက အရှိုက် ကို ထိ
ငါ့ နှလုံးသွေး ပွက်ပွက် ဆူ လာအောင် ငါ့ ကို ဖောက် ခွဲ လိုက် တယ်
နင့် သူငယ်ချင်း အတွက် ဖုန်းနံပါတ် နင် ပေးလိုက်တာ မလား” တဲ့
ဒီ မှာ . . . တစ် နှစ် ကျော် နင် ချစ် ဖူး တဲ့ ငါ ဟာ
မစား ရ တဲ့ အမဲ သဲ နဲ့ မပက် တတ် သလို
မိုက် ရိုင်း ကောင်း မိုက် ရိုင်း မယ် . . . မယုတ် မာ ဘူး

နင် နဲ့  ငါ သူ တစ် ပြန် ကိုယ် တစ် ပြန် ပြော တဲ့ စကား
ငါ့ ဘက် က ရင့်ကောင်း ရင့်မယ် . . .
 ဆက် ပြော ရင် ငါ့ မျက်ရည် စိမ့်ထွက် ကောင်းထွက်နိုင် မယ် ထင်လို့ 
နင့် ခေါ် ဆို မှု   တစ် ခန်း ရပ် ဇာတ် ကို ငါ့ ဘက် က စ တင်ခဲ့ တယ် . . .

ငါ့ နှလုံးသား နဲ့ ပေါင်းတဲ့ သူငယ်ချင်း အရင်း တွေ က ဘေး နား က ဖေး မ
ငါ့ စိတ် ကို မလွတ်ပေး လိုက် ဖို့  နား သွင်း . . . ငါ့ ရင် ကို လမ်း ရှင်း ခိုင်း ကြတယ်
ထပ် တစ် ဖန် နင့် ရဲ့ ထပ် ပြီး ခေါ် ဆို လာ မှု ကို သူငယ်ချင်း က ပဲ ဖြေ ဆို . . ခဲ့ 
နင် တောင်း ပန် ကြောင်း ငါ့ကို ပြော လိုက် ပါတဲ့ 

ငါနင့်ကို ခွင့်လွတ်ပါတယ် . . . . ငါ့ကိုယ် ငါ ခွင့် မလွတ်နိုင်သရွေ့ လေး တော့ . . . .

ခု ဆို . . . . ငါ့ မြို့ ရိုးဟောင်းက စကားလုံး တွေ ပြို ကျ
နင့်အတွက်ဆို ခံစားပေးမဲ့ ငါ့ရင်ဘတ် မရှိတော့ တာ ကြာပေါ့
အရင်က မျက်လုံးများ မပြောဖြစ်ခဲ့တဲ့စကား
ခုကဗျာ စာသားများ ကို ပြော ရင် လက်ခံ လိုက် ပါ
ငါနင့်ကို နှလုံးသား အစစ် နဲ့ ချစ်ခဲ့တယ်
ပြီးပြတ်တဲ့ ဇာတ်လမ်း က မှန် တစ်ချပ် လို အစိတ်စိတ် အမွာမွာ ကွဲ ကြေ
လိုက်ကောက်ပြီး ဆက် လို့ မရတော့ တဲ့ ကဏ္ဍ မှာ
နှလုံးသား အစစ် ရဲ့  နောက်တစ်ယောက် အပေါ် ထပ်ချစ်နိုင်စွမ်းဆိုတာ
ခု . . . ကျောက်ရုပ် တစ်ရုပ် ရဲ့ ဂုဏ် သတ္တိ လို ပဲ . . . အေး ခဲ ပြီး မာ ကျော သွား ပြီ . .
လက်ပြ ပြီး နှုတ်မဆက် ဖြစ်ခဲ့တဲ့ ဇာတ်ဝင်ခန်း အတွက်
အသက် ငင်ပြီးသော နှလုံးသား နဲ့ သာ နှုတ်ဆက် သည်
အချစ်ဆိုတာ ယုံကြည်လွန်းပြီး ကိုးကွယ်တိုင်း မကောင်းဘူး

ဒီ က ရှေ့  ဆက် လို့ . .  ထို ထို သော သူ ငယ် ချင်း နဲ့ ပတ်သက် လို့ 
ဖြစ် သမျှ အရာ ရာ တိုင်း ငါ နဲ့ လုံး ၀ မသက် ဆိုင် ပါ ကြောင်း
ငါ့ ကောင်း ကင် အား တိုင် တည်  လိုက် တယ်

တိုက်တိုက် ဆိုင်ဆိုင် ပဲ ငါ့ ကောင်းကင် က နင်
ထာ ၀ ရ ကြွေ သွား ခဲ့ တယ် . . .

ငါ့ဆုတောင်းတို့  ပြည့်လောက်ပါရဲ့  ….

(   ကျွန်တော် နှင့် လုံး ၀ လုံး ၀ မသက်ဆိုင် တော့ သော သူ သို့    )

လမင်းဇော်

In: ကဗျာ Posted By: Date: Aug 21, 2011
Comment #1

သူများအထုပ္ပတိတွေတော့ ဝါသနာမပါဘူးဗျ ဒါပေမယ့် ဒီကဗျာလေး ဖတ်ရှုအားပေးသွားပါတယ်
ခဲ မှန် ဖူး တဲ့ စာ သူ ငယ် ဆို လည်း
နင့် ရင် ဘတ် ထဲ က ဒဏ် ရာ ခဏ လောက် ဖျောက် ထား ပါ
မိုက် ရိုင်း ကောင်း မိုက် ရိုင်း မယ်… မယုတ် မာ ဘူး တကယ့်ကို ရင်ထဲကလာတဲ့စာသားတွေဘဲ ။

commentinfo By: X - ray at Aug 21, 2011
Comment #2

ကောင်းတယ်ဗျာ….. လုလင် အားပေးသွားပါတ.်

Comment #3

ပီးပြတ်တဲ့ ဇာတ်လမ်း က မှန် တစ်ချပ် လို အစိတ်စိတ် အမွာမွာ ကွဲ ကြေ
လိုက်ကောက်ပြီး ဆက် လို့ မရတော့ တဲ့ ကဏ္ဍ မှာ
နှလုံးသား အစစ် ရဲ့  နောက်တစ်ယောက် အပေါ် ထပ်ချစ်နိုင်စွမ်းဆိုတာ
ခု . . . ကျောက်ရုပ် တစ်ရုပ် ရဲ့ ဂုဏ် သတ္တိ လို ပဲ . . . အေး ခဲ ပြီး မာ ကျော သွား ပြီ . .
လက်ပြ ပြီး နှုတ်မဆက် ဖြစ်ခဲ့တဲ့ ဇာတ်ဝင်ခန်း အတွက်
အသက် ငင်ပြီးသော နှလုံးသား နဲ့ သာ နှုတ်ဆက် သည်
အချစ်ဆိုတာ ယုံကြည်လွန်းပြီး ကိုးကွယ်တိုင်း မကောင်းဘူး

အရမ်းကောင်းတယ်…ဗျာ….မျက်လုံးထဲပုံရိပ်တွေပျံသန်းသွားသလိုပဲ…
ပုံဖော်သွားတာ…အရမ်းမိုက်တယ်…ဗျာ…..

commentinfo By: terry at Aug 21, 2011
Comment #4

အားပေးသွားတဲ့ X-ray ,လုလင်ငယ်သွေး နှင့် ကိုတယ်ရီ တို့ အား အထူး ပင် ကျေးဇူးတင်ပါသည်

commentinfo By: လမင်းဇော် at Aug 21, 2011
Comment #5

tike tike sine sine pe,
nga kaung kin ka nin htar wa ya kwyay twar ke de,
nga yin bat hte ko.

he,,he,,

commentinfo By: ei lay at Aug 21, 2011
Comment #6

ကောင်းလိုက်တာဗျာ…….
တစ် က ပြန် စ ကြ ရ တဲ့ ဘ၀ မှာ
နင့် အချိုး အကွေ့ တွေ နင့် အခက် အခဲ တွေ ကြား မှာ
နင့် ခံ နိုင် ရည် တွေ က ပြည့်ဝ လို့ 
နင့် ဘ၀ ထဲ နင် နေ သား ကျ နေ လောက် ပါ ပြီ
ကြိုက်တယ်အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 21, 2011
Comment #7

အဲဒီ ည က အရက် တွေ ရော ထား တဲ့ ဂစ် တာ သံ ဟာ
နင့် ကို လွမ်း ခြင်း မဟုတ် ကြောင်း ငါ ရွာ နေတဲ့ မိုး အား တိုင် တည် ခဲ့ တယ်
ဘာ ပဲ ဖြစ် ဖြစ် အမှန် တရား က ဒီ အချိန် ငါ့ဘက် က ထောက်ခံ ထား ဆဲ . . . .
ဒီ က ရှေ့  ဆက် လို့ . . ထို ထို သော သူ ငယ် ချင်း နဲ့ ပတ်သက် လို့ 
ဖြစ် သမျှ အရာ ရာ တိုင်း ငါ နဲ့ လုံး ၀ မသက် ဆိုင် ပါ ကြောင်း
ငါ့ ကောင်း ကင် အား တိုင် တည် လိုက် တယ်

တိုက်တိုက် ဆိုင်ဆိုင် ပဲ ငါ့ ကောင်းကင် က နင်
ထာ ၀ ရ ကြွေ သွား ခဲ့ တယ် . . .
..ဒီကဗျာလေးကို…တကယ်ကြိုက်တယ်ဗျာ…..ဖတ်ရင်းရင်နင့်သွားတယ်

commentinfo By: အသဲကွဲမိုး at Aug 22, 2011
Comment #8

အဲဒီ ည က အရက် တွေ ရော ထား တဲ့ ဂစ် တာ သံ ဟာ
နင့် ကို လွမ်း ခြင်း မဟုတ် ကြောင်း ငါ ရွာ နေတဲ့ မိုး အား တိုင် တည် ခဲ့ တယ်
ဘာ ပဲ ဖြစ် ဖြစ် အမှန် တရား က ဒီ အချိန် ငါ့ဘက် က ထောက်ခံ ထား ဆဲ . . . .
ဒီ က ရှေ့  ဆက် လို့ . . ထို ထို သော သူ ငယ် ချင်း နဲ့ ပတ်သက် လို့ 
ဖြစ် သမျှ အရာ ရာ တိုင်း ငါ နဲ့ လုံး ၀ မသက် ဆိုင် ပါ ကြောင်း
ငါ့ ကောင်း ကင် အား တိုင် တည် လိုက် တယ်

တိုက်တိုက် ဆိုင်ဆိုင် ပဲ ငါ့ ကောင်းကင် က နင်
ထာ ၀ ရ ကြွေ သွား ခဲ့ တယ် . . .

Comment #9

အရမ်းကိုလန်းပါတယ် ကြိုက်လဲကြိုက်ပါတယ် ခံစားချက်ရင်တူနေပါတယ် 😀

commentinfo By: ရန်ရှင်း at Oct 1, 2011
Comment #10

အရမ်းကိုကောင်းပါတယ် ………
အားပေးသွားတယ်နော်။

commentinfo By: moe at Oct 25, 2011
Comment #11

ငါနင့်ကို ခွင့်လွတ်ပါတယ် . . . . ငါ့ကိုယ် ငါ ခွင့် မလွတ်နိုင်သရွေ့ လေး တော့ . . . .

ခု ဆို . . . . ငါ့ မြို့ ရိုးဟောင်းက စကားလုံး တွေ ပြို ကျ
နင့်အတွက်ဆို ခံစားပေးမဲ့ ငါ့ရင်ဘတ် မရှိတော့ တာ ကြာပေါ့
အရင်က မျက်လုံးများ မပြောဖြစ်ခဲ့တဲ့စကား
ခုကဗျာ စာသားများ ကို ပြော ရင် လက်ခံ လိုက် ပါ
ငါနင့်ကို နှလုံးသား အစစ် နဲ့ ချစ်ခဲ့တယ်
ပြီးပြတ်တဲ့ ဇာတ်လမ်း က မှန် တစ်ချပ် လို အစိတ်စိတ် အမွာမွာ ကွဲ ကြေ
လိုက်ကောက်ပြီး ဆက် လို့ မရတော့ တဲ့ ကဏ္ဍ မှာ
နှလုံးသား အစစ် ရဲ့  နောက်တစ်ယောက် အပေါ် ထပ်ချစ်နိုင်စွမ်းဆိုတာ
ခု . . . ကျောက်ရုပ် တစ်ရုပ် ရဲ့ ဂုဏ် သတ္တိ လို ပဲ . . . အေး ခဲ ပြီး မာ ကျော သွား ပြီ . .
လက်ပြ ပြီး နှုတ်မဆက် ဖြစ်ခဲ့တဲ့ ဇာတ်ဝင်ခန်း အတွက်
အသက် ငင်ပြီးသော နှလုံးသား နဲ့ သာ နှုတ်ဆက် သည်
အချစ်ဆိုတာ ယုံကြည်လွန်းပြီး ကိုးကွယ်တိုင်း မကောင်းဘူး/////////

commentinfo By: kyawt nandar aye at Dec 22, 2011
Comment #12

အရမ်းကိုကောင်းတဲ့ကဗျာတစ်ပုဒ်ပါ…ဒီကဗျာဖတ်ပြီးလူတစ်ယောက်အပေါ်မှာထားတဲ့အမုန်းတွေတော်တော်လျော့သွားတယ်..

commentinfo By: khaing at Mar 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment