Professional Authors

တစ်စစ်စစ် နဲ့ မကိုက်ပါနဲ့

တောင်းပန်ပါတယ် ဘေးမှာတစ်စစ်စစ်နဲ့
မကိုက်ပါနဲ့
သံဇကာလို
နှလုံးသားမှာ အပေါက်တွေနဲ့
ထပ်ယိုစီးစရာ သိက္ခာမရှိတော့ဘူး
လွမ်းချင်းတစ်ပုဒ်ကို ငါသီကျူး နေပေမဲ့ 
ငါအိပ်စရာနေရာတောင်မရှိဘူး
သစ်ကိုင်းထက်က  ကြွေးကြော်သံ
မြေပြင်ထက်က ဟစ်အော်သံ
ကောင်းကင်ထက်က လှောင်ပြုံးသံစဉ်တစ်ပုဒ်
နားထဲမှာ ပဲ့တင်ထပ်နေတယ်
ငါပေးခဲ့တဲ့
အောက်ကျို့ခြင်းတွေ
ဘယ်မှာပါလိမ့်
နင်စီးတဲ့ ဖိနပ်အောက်
ပြားကပ်နေပြီပဲ
ငိုချင်တယ်
မျက်ရည်မရှိတော့ဘူး
မြေပြင်မှာ
ရေစက်တွေခုန်ပေါက်နေတယ်
အပြင်မှာရွှာတဲ့ မိုးနဲ့
ရင်ထဲက မိုး
ဘယ်သူပိုသည်းသလဲ
ရင်ဘတ်နဲ့ခံ အလွမ်းပေတံနဲ့တိုင်းကြည့်
စိုးရိမ်ရေမှတ် ဆိုတာ
ဟိုးအဝေးမှာ မှိန်ပြပြ ကျန်ခဲ့ပြီ
မသက်ဆိုင်တော့ဘူးတဲ့လား
ဒါပေမဲ့
ငါ့လမ်းငါလျှောက်ဖို့ ခွန်အား
နင်နှုတ်ယူသွားပြီမှ
အဝေးဆုံးက လက်နက်တွေနဲ့
မပစ်ပါနဲ့
ထပ်ပြီး
နှလုံးသားကို ထုတ်သွားလိုက်ပါ
ငါကြည်ဖြူပါတယ်
ငါသေသွားခဲ့ရင်
နင်နေသာထိုင်သာရှိမှာပါ
တောင်းပန်ပါတယ်
နောက်တစ်ယောက်ကိုတော့
နင်တစ်စစ်စစ်နဲ့ မကိုက်ပါနဲ့
နှလုံးသားတစ်ခု ထပ်ပြီး
ပွန်းပဲ့မှာဆိုးလို့ပါ။……..။

In: ကဗျာ Posted By: Date: Jan 26, 2011
Comment #1

အပြင်မှာရွှာတဲ့ မိုးနဲ့
ရင်ထဲက မိုး
ဘယ်သူပိုသည်းသလဲ
ရင်ဘတ်နဲ့ခံ အလွမ်းပေတံနဲ့တိုင်းကြည့်
စိုးရိမ်ရေမှတ် ဆိုတာ
ဟိုးအဝေးမှာ မှိန်ပြပြ ကျန်ခဲ့ပြီ
ထပ်ပြီး
နှလုံးသားကို ထုတ်သွားလိုက်ပါ
ငါကြည်ဖြူပါတယ်
ငါသေသွားခဲ့ရင်
နင်နေသာထိုင်သာရှိမှာပါ
……………………
i like this poem alot

commentinfo By: အသဲကွဲမိုး at Jan 27, 2011
Comment #2

Million Thz.
Billion Thz.
Lone wa kwat ti be.

commentinfo By: ei lay at Mar 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment