Professional Authors

ဆန္ဒ

ဘ၀ရဲ့လမ်းမပေါ်ကို

ချစ်သူလက်ကိုဆွဲပြီး

ဖြတ်လျှောက်ချင်တဲ့ငါ့ဘ၀က

ပေါ့ပျက်လွန်းတဲ့အဖြစ်တွေကြားမှာ

ငါ..ငါစိတ်ပျက်နေပြီ

ခဏခဏပြောပါများလာတော့

ငါပဲအပြစ်ဖြစ်ရတာပေါ့….

ညှိုနှိုင်းလို့မရတော့တဲ့

မျက်ရည်တစ်ခုရဲ့လမ်းကြောင်းပေါ်မှာ

အလဲလဲအကွဲကွဲ

ထလိုက်လဲလိုက်.ငိုလိုက်ရှိုက်လိုက်

ငါဆက်လျှောက်နေဆဲပါ..

မဖြစ်နိုင်တဲ့လမ်းကိုရွေးခဲ့မိတာငါ့အမှား..

မဖြစ်နိုင်တာကိုညှိုနှိုင်းလို့ရမယ်ထင်ခဲ့တာ ငါ့အမှား

အဲလိုအဲလို..အမှားပေါင်းသောင်းခြောက်ထောင်ကို

အားလုံးငါထားခဲ့တော့မယ်.

အညိုးအတေးမရှိ အမုန်းမရှိတဲ့

နှလုံးသားတစ်စုံနဲ့

ချစ်တဲ့သူမင်းကိုလွတ်လပ်ခွင့်ပေးလိုက်ပါပြီ.

သွားလိုရာသွားပြီး ပျော်ရွှင်တဲ့ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေချစ်သူရယ်…

In: ကဗျာ Posted By: Date: Aug 14, 2011
Comment #1

hin…
a htin lwe tar nay hmar par.
a hlin sa lo g ma sone phyat par ne,
tay char sin sar par naw,

commentinfo By: ei lay at Aug 14, 2011
Comment #2

တကယ်ချစ်ရင်မစွန့်လွှတ်ဖို့အကြံပေးချင်တယ် ဇလပ်ဖြူ

commentinfo By: chityellusoelay at Aug 14, 2011
Comment #3

ကဗျာ ဖတ်ရတာ စိတ်မကောင်းဘူးဗျာ မအိလေးပြောသလို အထင်လွဲတာမျိုးလည်း ဖြစ်နိုင်ပါတယ် စဉ်းစားပါဦး ။ မသိပေမယ့် လျှာကြောနည်းနည်းရှည်သွားတယ်ဗျာ ။

commentinfo By: X - ray at Aug 14, 2011
Comment #4

သွေးပူတုန်းတွေးပီး ဆုံးဖြတ်တာ က အကုန်မှားဖို့ များတယ်
မ အိလေး စကားကို အနောက်က follow လိုက်တာပါ
အားပေးသွားပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment