ငါ့မျက်ရည်ကိုမြင်ရင်…မင်းသိမှာပါ
ချစ်ခြင်းမှာ အမှားအမှန်မရှိပေမယ့်
အသွားအပြန်ဆိုတာ ရှိသတဲ့
ငါ့အတွက်တော့ ပြောင်းပြန်ပါကွာ
ငါမင်းကို ချစ်ခဲ့ခြင်းမှာ
အသွားသာ၇ှိပြီး အပြန်မရှိခဲ့သလို
တဖက်သတ်ဆုံးဖြတ်တဲ့ အမှားအမှန်တွေကြား
ငါ့အတွက်
ကြက်ခြေခတ်တွေပဲများခဲ့တယ်……
ငါ့နှလုံးသားထဲက ရင်လှိုင်းခတ်သံ
မင်းနားမှာ ဆူညံနေသလား…
အချစ်ဆိုတာကို တန်ဖိုးမထား
သာယာမှုကိုပဲ လိုလားခဲ့တဲ့…သူ
ပျော်ရွှင်မှုသက်သက်အတွက်
ရင်ခွင်တကာမှာ တံဆိပ်ခတ်ချင်ခဲ့တဲ့…သူ
ငါ့အတွက်တော့ သူမှသူပဲလေ..
နေလိုရာနေ စေလေိုရာစေ
လက်ညှိုးညွှန်ရာ ရေဖြစ်စေခဲ့တာတောင်
ငါ့အချစ်ကိုလှောင်ပြုံး ပြုံးရင်း
ထပ်ဆင့်ထပ်ဆင့် အရှုံးတွေပဲပေးခဲ့တဲ့…သူ
ကြည်ဖြူပါတယ်…ချစ်သူ
မင်းပြောသမျှ မငြိုငြင်ရက်ဘူးဆိုတာ
ငါ့မျက်ရည်တွေကိုမြင်ရင် မင်းသိမှာပါ….
နောက်လှည့်ပြန်လာဖို့မတောင်းဆိုပါဘူး
ဖွင့်ဟ၀န်ခံစရာနေရာမရှိလို့
မျက်ရည်တွေအဖြစ် ဖန်ဆင်းခဲ့တယ်ဆိုတာ
ငါ့မျက်ရည်တွေကိုမြင်ရင် မင်းသိမှာပါ….
နားလည်ပါ စာနာပါလို့
ငိုကျွေးပြိးတောင်းပန်နေတာမဟုတ်ဘူး
ငါ့မျက်ရည်ကိုမှ သာယာတတ်တဲ့ နင့်အတွက်
တမင်သက်သက် ခြွေချပေးနေတယ်ဆိုတာ
ငါ့မျက်ရည်ကိုမြင်ရင် မင်းသိမှာပါ…. နော်
Comment #7
ငါ့အတွက်
ကြက်ခြေခတ်တွေပဲများခဲ့တယ်……
By: အသဲကွဲမိုး at Aug 9, 2011
Comment #8
အားပေးသွားပါတယ်ဗျာ…..
ကဗျာကောင်းလေးတစ်ပုဒ်ပါပဲဗျ…..။
By: moehtetaung18 at Aug 9, 2011
Comment #9
ငါ့မျက်ရည်ကိုမြင်ရင်….မင်းသိမှာပါ စာသားလေးမိုက်တယ် ။ တစ်ချို့ကျတော့ ကိုယ့်မျက်ရည်ဘဲသိတာ သူများမျက်ရည်ဆိုရင် ရောင်လို့တောင်မသိချင်ဘူး ။ ကဗျာလေး ဖတ်ရှုအားပေးသွားတယ်ဗျာ ။
By: X - ray at Aug 9, 2011
Comment #10
nice poem.
nice poem.
i agree with x-ray.
By: ei lay at Aug 9, 2011
Comment #11
ngo nay dar ,,ti lar?
ma pyaw naing de nae myar,,
dar tway ti lar?
By: ei lay at Feb 13, 2012
Comment #12
အရမ်းကောင်း တယ်
By: Han Zaw at Dec 10, 2014




Comment #1
အားပေးသွားပါသည်