Professional Authors

မင်းပျော်ပါစေ

ချစ်သူ
ငါလေ မင်းနဲ့ပက်သက်လာရင်
မသိချင်ယောင်ဆောင် ခဲ့
မသွားချင်အောင်နေ ခဲ့ တဲ့
ငါတို့ရဲ့..…ဆုံနေကျ လမ်း(30)မှတ်တိုင်ကလေး…
လမ်းကြုံလို့ လှမ်းမြင်ရရင်ပဲ ငါ့ရင်ထဲ အောင့်အောင့်နေတယ် မင်းကတော့မသိနိုင်ခဲ့ပါဘူး…………..။
တစ်ကယ်ပါချစ်သူ မင်းနဲ့ပက်သက်သမျှတိုင်းဟာ
 ငါ့အတွက်တော့ အသေးအမွှားဆိုတာ မရှိသလောက်ရှားပါတယ်
မင်းနဲ့ထိုင်ဘူးတဲ့ အင်းလျားက ခုံတန်းရောက်ရင် တောင်မင်းအငွေအသက်ကိုပြန်ရနေသလို့ခံစားရတယ်၊
မင်းနဲ့ ကြည့်ဘူးတဲ့ရုပ်ရှင် တခြား၇ုံက ပြတာ ပိုစတာမြင်ရင်
မင်းကိုသတိယတယ် အစွန်ဆုံးကွာ
မင်းအတူစီးဘူးတဲ့ 43 ဘတ်စကားကိုမြင်ရင်
မင်းကိုလွမ်းမိသေးတယ်
မင်းကတော့မသိလောက်ဘူးနော်
ငါကတော့ လေတိုက်တိုင်းလွမ်းနေမိတယ်ချစ်သူ
ဒီအချိန်ဆို မင်းအခြားသူတစ်ယောက်ရဲ့ရင်ခွင်မှာပျော်နေပြီလားချစ်သူ
ငါ့အတွက် တော့ အရာရာတိုင်းဟာအလွမ်းတွေပဲပေါ့
ငါကြေနပ်ပါတယ်ချစ်သူ
ငါကြွေကွဲနေရပေမဲ့ မင်းပျော်နေတယ်ဆိုတဲ့စိတ်နဲ့
ငါကြေကြေနပ်နပ်ကြီးရင်ကွဲခံလိုက်ပါမယ်
မင်းပျော်ပါစေချစ်သူ

In: စကားပြေ Posted By: Date: Jun 25, 2011
Comment #1

ကျေကျေနပ်နပ်ကြီးရင်ကွဲခံလိုက်ပါမယ်
မင်းပျော်ပါစေချစ်သူ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 26, 2011
Comment #2

အားပေးသွားတယ်နော်လင်းကို…. သူမလဲသိနိုင်ပါစေ………

commentinfo By: May Kha at Jun 26, 2011
Comment #3

အားပေးမှုကို ကျေးဇူးတင်ပါတယ်

commentinfo By: linko at Jun 26, 2011
Comment #4

same 2 u.

commentinfo By: ei lay at Jul 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment