Professional Authors

တောင်းဆိုချက်

လုလင်ငယ်သွေး
အမည်ပေးထား
မေ့ချစ်သားနှင့်
မငြီး ရှု့ ဖွယ်
သမီးငယ်တို့ 
တနှစ် တတန်း
အောင်မြင်လှမ်းပြီး
BE ဘွဲ့ ထူး
ဆွတ်ချူ ခူးကာ
ထူးချွန် အင်ဂျင်နီယာ
ဖြစ်ပါစေကြောင်း
ဆုမွန်တောင်းလျက်
မြတ်ဘုရားထံမှာ
အခါခါရှိခိုး
လက်စုံမိုးတာ
နှစ်တွေကြာလည်း
မပြောင်းမလဲ
ဆုတောင်း ရဆဲမို့ 
အဟုန် ပြင်းပြ
မေ့ ဆန္ဒ ကို
သားနှင့် သမီး
ဖြည့်ဆည်းပေးပါ
တောင်းဆိုပါသည်
နတ်လူအများ ကြားစေသောဝ်။       ။(ခင်စန်းရီ)

In: ကဗျာ Posted By: Date: Aug 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment