Professional Authors

ထားရစ်ခဲ့သူသို့…………………..

အချစ်ဆိုတာဘာလဲ
စဉ်းစားလိုက်တိုင်းခံစားရအောင်
မင်းလုပ်ရက်ခဲ့တယ်နော်
ငါလုံးဝမထင်ခဲ့မိဘူး
တစ်နေ့နေ့မှာ မင်းငါ့ကိုထားခဲ့လိမ့်မယ်လို့
ယုံကြည်လွန်းတဲ့ ငါ့အမှားတွေပါ
ရက်စက်လိုက်တာလို့လဲ
မပြောချင်တော့ပါဘူး
လဲပြိုမသွားအောင် ငါ့မာနတွေနဲ့
တင်းခံထားတယ်
ဒါပေမယ့်လည်း
စဉ်းစားလို့မရခဲ့ဘူး
ဘာကြောင့်များ မင်းငါ့အပေါ်မှာ
အငြိုးတကြီးနဲ့ လုပ်ရက်ခဲ့တယ်ဆိုတာကို
အချိန်ဆိုတဲ့ သမားတော်ကြီးနဲ့
ငါကုနေခဲ့တာ အခုဆို ခြောက်နှစ်တောင်ရှိပြီပဲ
လုံးဝမပျောက်ရင်တောင်
အနာတော့ကျက်သွားပါပြီ
ခံနိုင်ရည်တွေလဲရှိနေပါပြီလို့
ငါ့ကိုယ်ငါ အားပေးခဲ့တယ်
ဒါပေမယ့် တစ်နေ့က
မင်းနဲ့တူတဲ့ ကောင်လေးတစ်ယောက်ကို
အမှတ်တမဲ့တွေ့လိုက်မိတယ်
အလန့်တကြားနဲ့ ငါသိလိုက်ရတာက
ငါ့နှလုံးသားကဒဏ်ရာက
လတ်လတ်ဆတ်ဆတ်ပဲ ရှိသေးပါ့လား
ငါအချိန်တွေ ဘယ်လောက်ထိများ
ထပ်ယူရအုံးမှာလဲ
ချစ်သူရယ်
မင်းကတော့ ဘ၀သစ်မှာပျော်ပြီ
ငါဆိုတဲ့ ကောင်မလေးကို
မေ့နေလောက်ပြီထင်ပါတယ်…………………

In: ကဗျာ Posted By: Date: May 11, 2010
Comment #1

တစ်နေ့နေ့မှာ မင်းငါ့ကိုထားခဲ့လိမ့်မယ်လို့
ယုံကြည်လွန်းတဲ့ ငါ့အမှားတွေပါ
…..
အချိန်ဆိုတဲ့ သမားတော်ကြီးနဲ့
ငါကုနေခဲ့တာ အခုဆို ခြောက်နှစ်တောင်ရှိပြီပဲ
….
ငါဆိုတဲ့ ကောင်မလေးကို

Posted By: thuzar

all this make me to ask who are you, cause it’s like telling directly to me…. I am not forgetting ကောင်မလေး….
I am sorry If you are not the girl I mean….. (i know you could not be her)
Poem just made me so stupid and to remember her ကောင်မလေး (ကျွန်တော်ခေါ်နေကျ နာမည်)
ဆောရီးပါ… အိုးမလုံအုံပွင့်သွားတာကို….
သူက ကျွန်တော့် အိပ်မက်ထဲမှာ အခုထိ ကျွန်တော်ချစ်သူပါပဲ။
thuzar ဆိုတာ သူ့နာမည်ပဲလေ။
ဘယ်လိုဖြစ်ဖြစ် ဒီပို့စ်ပိုင်ရှင် သူဇာ ကိုတောင်းပန်ပါတယ်။
ကျွန်တော် သူ့ကိုပြောချင်နေတာတွေ ဒီမှာ ဖေါက်ချလိုက်ရုံသက်သက်ပါ။
သူ ဆိုတဲ့ ကောင်မလေး ကို မတွေ့တာ(၆)နှစ်၊
အိပ်မက်ဆိုတာလဲ အခုထိ သူပဲ…..
မွေ့ဟောက်မိုက် လို့ သူ့ကို ပြောချင်တာ အခုထိပါပဲ။

I am so sorry for being a trash in you post.

commentinfo By: Za TaGwel at May 11, 2010
Comment #2

“တစ်နေ့က
မင်းနဲ့တူတဲ့ ကောင်လေးတစ်ယောက်ကို
အမှတ်တမဲ့တွေ့လိုက်မိတယ်
အလန့်တကြားနဲ့ ငါသိလိုက်ရတာက
ငါ့နှလုံးသားကဒဏ်ရာက
လတ်လတ်ဆတ်ဆတ်ပဲ ရှိသေးပါ့လား”

တိုက်ဆိုင်လို့ပါ…
ကဗျာလေးက အရမ်း heard ထိတယ်

commentinfo By: may zun at Jun 10, 2010
Comment #3

အချစ်ဆိုတာဘာလဲ
စဉ်းစားလိုက်တိုင်းခံစားရအောင်
မင်းလုပ်ရက်ခဲ့တယ်နော်
ငါလုံးဝမထင်ခဲ့မိဘူး
တစ်နေ့နေ့မှာ မင်းငါ့ကိုထားခဲ့လိမ့်မယ်လို့
ယုံကြည်လွန်းတဲ့ ငါ့အမှားတွေပါ
ရက်စက်လိုက်တာလို့လဲ
မပြောချင်တော့ပါဘူး
ဒီအပိုဒ်ကိုအရမ်းကြိုက်ပါတရ်
အစ်မညီမကိုဒီအပိုဒ်ကို copy လုပ်ခွင့်ပြုပါနော်

commentinfo By: ayeayethi at Aug 11, 2010
Comment #4

အစ်မရေ ကဗျာလေးကကောင်းတယ်နော်

မေ.ဖို.တော.ဘယ်တော.မှမကြိုးစားချင်ဖူး

commentinfo By: moe at Sep 16, 2010
Comment #5

အစ်မရယ် ကျနော်လည်း ဒီလို ထားရစ်ခံရလို့ ကြွေနေတာ ဒီကဗျာလေးကို
ဖတ်မိသွားတော့မှ အားရှိသွားတယ် လို့ခံစားမိတယ်
အရင်ကဆို မေ့ဖို့ကြိုးစားတယ် အရက်တွေသောက်တယ်
နောက်ဆို မေ့ဖို့မကြိုးစားတော့ဘူးဗျ …
တကယ်ပါ သူ့ကိုပြောပေးလိုက်ဦးနော်
ငါ…မမေ့သေးဘူး ဆိုတာကိုလေ…

commentinfo By: Kap pi at Oct 2, 2010
Comment #6

Oneday ….u can

commentinfo By: theinginyunt09 at Oct 19, 2010
Comment #7

အစ်မရေ…
ကဗျာလေးကို အရမ်းကြိုက်တယ်…
ခံစားချက်နဲ့တိုက်ဆိုင်လို့…

အချစ်ဆိုတာဘာလဲ
စဉ်းစားလိုက်တိုင်းခံစားရအောင်
မင်းလုပ်ရက်ခဲ့တယ်နော်
ငါလုံးဝမထင်ခဲ့မိဘူး
တစ်နေ့နေ့မှာ မင်းငါ့ကိုထားခဲ့လိမ့်မယ်လို့
ယုံကြည်လွန်းတဲ့ ငါ့အမှားတွေပါ…

ထပ်တူထပ်မျှတူပါတယ်…
copy လေးကူးခွင့်ပြုပါနော်…
ကျေးဇူး အထူးတင်ပါတယ်နော်….

commentinfo By: မိုးစက်ဖြူ at Dec 5, 2010
Comment #8

Nice.

commentinfo By: May Kha at Nov 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment