Professional Authors

နင်ပျော်တယ်မလား . . . .ငါလဲ ပျော်ပါတယ်

ငါ့ အတောင်တွေကို ချွတ်ခဲ့
သက်သာရာ သက်သာကြောင်း
လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ
ပေးခဲ့ပါလား   . . .

သူများတွေပြောတယ်  . . . .
နင်ဟာ အသည်းစားတဲ့ ဘီလူးမ တဲ့
ဟင့်အင်း . . .မဟုတ်ရပါဘူးဟာ
သွေးနဲ့ ဖျန်းပက်ရတဲ့ ပန်းတစ်ပွင့်ရယ်ပါ

နင်လဲ ရယ်တော့ကွယ် . . .
ငါ ငိုပြီ
မှေးမှိန်နေတဲ့ ငါ့နှလုံးသားမှာ
သွေး အစက်စက် ဒဏ်ရာအပြတ်ပြတ်နဲ့ 
ဒီပွဲ ဒီမှာရပ်
ငါ့ အသက် ထပ် ဆက်ခွင့်လေး ပေး
နောက်ဆုံး တောင်းဆိုခြင်း ရယ် ပါ  . . .

ပေးပါ . . .
ငိုစရာ များ ရှိရင် ပေးပါဦး
နင် ပဲ ပျော်ပါတော့ဟာ
နင်တစ်ခုခုဖြစ်သွားမှာ ငါအရမ်းစိုးတာပဲ
ငါဟာ နင့်အတွက် မွေးဖွားလာတာဟ
ချန်ခဲ့တာနဲ့ ကျန်ခဲ့တာ ဆိုတာ
နင်နဲ့ ငါ့ကြား ပြောစရာ မလိုပါဘူး ဟာ
နင်က ချန်ခဲ့သူဆိုတော့ ငါက ကျန်ရစ်သူပေါ့ဟာ
နင်ရေးတဲ့ဇာတ်ပဲ နင်ပေးတဲ့ အကွက်မှာ
ငါ က ပြ ရမှာပေါ့ . . . .

သြော် . . .ဒါ ငါ့ နေရာလား ??
ငါ့ အနာဂါတ်တွေ မဲ မှောင် နေပါလား
နင် ရှိနေသေးရင် ငါ့အတိတ်တွေ လင်းနေတာပဲ
မလိုပါဘူး ဒီ အနာဂါတ်ကို
ကဲ . . .နင်လုံးခြေ ပြီး စုတ်ဖြဲလိုက်
ငါ့ အနာဂါတ်ကို မလိုဘူး . . .
ငါ့ အတိတ်မှာ နင်ရှိနေသေးရင် ပြီးတာပဲ လေ  /. . . /

ကြွေချင်သူ လဲ ရှိတယ်
ခြွေချင်သူလဲ ရှိတယ်
ကဲ . . .နင်ခြွေ တော့      . . . .
လှည့်မကြည့်ပါနဲ့ ဟာ
ဒါ ၀မ်းနည်းလို့ ကျတဲ့ မျက်ရည် မဟုတ်ဘူး
နင့် အတွက် ၀မ်းသာလို့ 
နင်ပျော်လို့ ငါ မျက်ရည်ကျတာ
ငါမလိမ္ဘူး  ညာလဲ မညာဘူး

နင် အတောင်တွေ ခတ်တတ်နေပြီလား
ဒါဆို နင်ပြန်တော့နော်
ငါ နားချင်ပြီ
ပျော်စရာတွေဆီ သွားတော့နော်
ငိုစရာတွေရှိရင် ပြန်လာထားပေး

ငါ ထိန်းထားတဲ့ကြားက မျက်ရည်တွေထပ်ကျနေမိတယ်ဟာ
နင် အရမ်းပျော်နေမှာပဲနော်
ငါ့ဘ၀မှာ ငါ့အလို ငါ့ဆန္ဒ တွေကို ဖြည့်ဆည်းပေးတာ နင်ပဲရှိတယ်
ငါက နင့်အတွက် အရမ်း ပေးဆပ်ချင်သူလေ
ငါ ကျေးဇူးတင်တယ်
ချစ်သူရယ် . . . .
နင် ထွက်သွားဖို့ အတွက်များ လက်ပြနေစရာ မလိုပါဘူး
ငါ့ရင်ကို နင်းပြီး ဆင်းသွားရုံနဲ့ တင် လုံလောက်ပါတယ်ဟာ . . .

သွားတော့နော် . .
ငါလဲ အိပ်တော့မယ်
တကယ်လို့ ငါများပြန်မနိုးလာခဲ့ရင်
နင့်ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ 
ငါ့လိုမျိုး နောက်တစ်ယောက် ထပ်မရှိလာမှာ
ငါ အရမ်းစိုးရိမ်တယ်ဟာ
ငါ အရမ်းစိုးရိမ်တယ်  . . . . . .  🙁

လမင်းဇော်

In: ကဗျာ Posted By: Date: Feb 8, 2011
Comment #1

ချန်ခဲ့တာနဲ့ ကျန်ခဲ့တာ ဆိုတာ
နင်နဲ့ ငါ့ကြား ပြောစရာ မလိုပါဘူး ဟာ
နင်က ချန်ခဲ့သူဆိုတော့ ငါက ကျန်ရစ်သူပေါ့ဟာ
နင်ရေးတဲ့ဇာတ်ပဲ နင်ပေးတဲ့ အကွက်မှာ
ငါ က ပြ ရမှာပေါ့ . . . .
အရမ်းကောင်းတယ်ဗျာ ခံစားချက်နဲ့ ကွက်တိပါပဲ….။

commentinfo By: ကေသရီ at Feb 8, 2011
Comment #2

နင်လဲ ရယ်တော့ကွယ် . . .
ငါ ငိုပြီ
မှေးမှိန်နေတဲ့ ငါ့နှလုံးသားမှာ
သွေး အစက်စက် ဒဏ်ရာအပြတ်ပြတ်နဲ့ 
ဒီပွဲ ဒီမှာရပ်
ငါ့ အသက် ထပ် ဆက်ခွင့်လေး ပေး
နောက်ဆုံး တောင်းဆိုခြင်း ရယ် ပါ . . .
သွားတော့နော် . .
ငါလဲ အိပ်တော့မယ်
တကယ်လို့ ငါများပြန်မနိုးလာခဲ့ရင်
နင့်ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ 
ငါ့လိုမျိုး နောက်တစ်ယောက် ထပ်မရှိလာမှာ
ငါ အရမ်းစိုးရိမ်တယ်ဟာ
ငါ အရမ်းစိုးရိမ်တယ် . . . . . . 🙁

commentinfo By: အသဲကွဲမိုး at Feb 8, 2011
Comment #3

သူများတွေပြောတယ် . . . .
နင်ဟာ အသည်းစားတဲ့ ဘီလူးမ တဲ့
ဟင့်အင်း . . .မဟုတ်ရပါဘူးဟာ
သွေးနဲ့ ဖျန်းပက်ရတဲ့ ပန်းတစ်ပွင့်ရယ်ပါ…

ဆိုတဲ့ စကားလေးတွေ အရမ်းကြိုက်တယ်

commentinfo By: အိမ်ကျယိလေး at Feb 9, 2011
Comment #4

ငိုစရာ များ ရှိရင် ပေးပါဦး
နင် ပဲ ပျော်ပါတော့ဟာ
နင်တစ်ခုခုဖြစ်သွားမှာ ငါအရမ်းစိုးတာပဲ
ငါဟာ နင့်အတွက် မွေးဖွားလာတာဟ
ချန်ခဲ့တာနဲ့ ကျန်ခဲ့တာ ဆိုတာ
နင်နဲ့ ငါ့ကြား ပြောစရာ မလိုပါဘူး ဟာ
အားပေးသွားပါတယ် လမင်းဇော်.. ကောင်းတယ်

commentinfo By: genius.jinx28 at Feb 10, 2011
Comment #5

နင် အတောင်တွေ ခတ်တတ်နေပြီလား
ဒါဆို နင်ပြန်တော့နော်
ငါ နားချင်ပြီ
ပျော်စရာတွေဆီ သွားတော့နော်
ငိုစရာတွေရှိရင် ပြန်လာထားပေး
အားပေးသွားပါတယ်

commentinfo By: စုနိုင် at Feb 13, 2011
Comment #6

ဖတ်ပြီးအရမ်းခံစားရပါတယ်…
တကယ်အဲလိုချစ်တဲ့သူဒီကမ္ဘာကြီးမှာ ဘယ်နှစ်ယောက်တောင်ရှိလဲ
သူကော အဲဒီထဲမှာပါနေလား ငါကော… မေးနေမိတယ် (တိတ်တိတ်လေးပေါ့)

commentinfo By: angel at Feb 13, 2011
Comment #7

GREAT!!!!!

commentinfo By: နှင်ဖွေးလေး at Mar 10, 2011
Comment #8

har,,,,,,,,,,,,,,,
d hmar myat yae tway kya kone p.
pyan yaw pay.
pyan yaw pay.

commentinfo By: ei lay at Aug 6, 2011
Comment #9

သွေးနဲ့ ဖျန်းပက်ရတဲ့ ပန်းတစ်ပွင့်ရယ်ပါ…။
စကားလုံးတွေက တကယ် လန်းတယ်…။

commentinfo By: SoFarAwayFromU at Aug 6, 2011
Comment #10

nin pyaw de ma lar?
nga le pyaw par de.

commentinfo By: ei lay at Aug 21, 2011
Comment #11

သြော် . . .ဒါ ငါ့ နေရာလား ??
ငါ့ အနာဂါတ်တွေ မဲ မှောင် နေပါလား
နင် ရှိနေသေးရင် ငါ့အတိတ်တွေ လင်းနေတာပဲ
မလိုပါဘူး ဒီ အနာဂါတ်ကို
ကဲ . . .နင်လုံးခြေ ပြီး စုတ်ဖြဲလိုက်
ငါ့ အနာဂါတ်ကို မလိုဘူး . . .
ငါ့ အတိတ်မှာ နင်ရှိနေသေးရင် ပြီးတာပဲ လေ /. . . /
နင်ဟာ..သွေးနဲ့ ဖျန်းပက်ရတဲ့ ပန်းတစ်ပွင့်ရယ်ပါ… စကားလုံးလေးတွေ.. အတော်ကောင်းပါတယ်.. 🙂

commentinfo By: APhyu at Mar 21, 2012
Comment #12

be hna khar phat phat myat yae kya mi de,,
a yan ko khan sar ya de,,

commentinfo By: ei lay at Mar 21, 2012
Comment #13

ချန်ခဲ့တာနဲ့ ကျန်ခဲ့တာ ဆိုတာ
နင်နဲ့ ငါ့ကြား ပြောစရာ မလိုပါဘူး ဟာ
နင်က ချန်ခဲ့သူဆိုတော့ ငါက ကျန်ရစ်သူပေါ့ဟာ
နင်ရေးတဲ့ဇာတ်ပဲ နင်ပေးတဲ့ အကွက်မှာ
ငါ က ပြ ရမှာပေါ့ . . . .

commentinfo By: Ma Theint at Mar 22, 2012
Comment #14

whenever i read,i had to cry,
whenever i read,so touching to my heart deeply.

commentinfo By: ei lay at May 4, 2012
Comment #15

r u satisfied?
r u pleased?
!–!
!–!

commentinfo By: ei lay at Feb 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment