Professional Authors

လမ်းဘေးက ကောင်လေး

 

“ လမ်းဘေးကကောင်လေး ”

 

ဟောဒီကဗျာဆရာကောင်လေးပေါ့

လမ်းဘေးကပဲ ငေးမိလို့

သူ့အချစ်တွေ

ဈေးကောင်းပေးမခံခဲ့ရဘူး

 

သူကတော့ ရိုးရိုးသားသား

သူ့မျှော်လင့်ချက်လေး

တက်ရိပ်ပြမဲ့နေ့ကို စောင့်လို့

စံပယ်တွေကတော့ ဖူးမလာခဲ့ပါဘူး

 

အလေ့ကျတချို့

ကုန်တိုက်ထဲ ပွင့်နေတာ သူမသိဘူး

ကျောက်တုံးတချို့

ရေထဲခုတ်မောင်းနေတာ သူမသိဘူး

ဂျိုကာရုပ်လေး

လောဘတေးဖြစ်နေတာ သူမသိဘူး

လက်မဲ့ရပ်ဝန်းရဲ့ လေညင်းနဲ့

သူက လမ်းဘေးမှာ ထိုင်တုန်း …


သူက သူ့ကဗျာတွေကို ပြောတယ်

အချစ်ဦးမို့

ရူးမိတာပါကွာ တဲ့

ဒါပေမဲ့

အဲဒီထက် ပိုတဲ့အကြောင်း

သူ့ကဗျာတွေက

ကြေကြေကွဲကွဲ ထပ်ပြောပြတယ်။

 

ချီရွန် ( ပုလဲ )

ကျွန်တော် ဖတ်စေချင်တဲ့သူ ဒီကဗျာကို ဖတ်မိပါစေ ……

In: ကဗျာ Posted By: Date: Aug 12, 2010
Comment #1

သူက သူ့ကဗျာတွေကို ပြောတယ်

အချစ်ဦးမို့

ရူးမိတာပါကွာ တဲ့

ဒါပေမဲ့

အဲဒီထက် ပိုတဲ့အကြောင်း

သူ့ကဗျာတွေက

ကြေကြေကွဲကွဲ ထပ်ပြောပြတယ်။
ကျွန်တော်..တော့..ခဏခဏပြန်ဖတ်သွားတယ်ဗျာ..ကြိုက်လို့
ခင်ဗျားဖတ်စေချင်သူဖတ်မဖတ်တော့မသိဘူး..ဗျ.

commentinfo By: အသဲကွဲမိုး at Mar 6, 2012
Comment #2

ei lay le phat mi twar par de.
ko chiron phat say chin de thu le lar phat par say loh su taung pay par de,

commentinfo By: ei lay at Jun 7, 2012
Comment #3

Feel sorry.

commentinfo By: ei lay at Nov 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment