Professional Authors

အလှမ်းမဲ့ “ကမ်းးး”

အလှမ်းမဲ့ “ကမ်းးး”

“ဘဝ” ဒီအကြောင်း

ခဏ ခဏ ပြောရလွန်းတော့လဲ

အတ်ကြောင်းတွေထပ်ပြီး

ရာသီဥတုတွေတောင်

ဖောက်လွဲ ဖောက်ပြန်

ဖြစ်လာသလိုပဲ….။

ကိုယ်တိုင် “ထူ” မှ “ထ” မယ့်

ဒီ “ဘဝ” အတွက်တော့

ပန်းတိုင်ဆိုတာ

တစ်ထောင့်တစ်ည ပြောရမဲ့

ပုံပြင်တပုဒ်အလားပဲ……။

မောပန်းလာတဲ့

စိတ်တွေအတွက်ရော???

ကမ်းးးးဆိုတာ ငါ့ရဲ့ဘယ်အရပ်မှာရှိ

သလဲဆိုတာ အရင်မေးရမယ့်

အမေးပုစ္ဆာတစ်ပုဒ်အလားးး….။

စိတ်ကို စိတ်နဲ့တိုက်တဲ့ပွဲမှာ

အကျအဆုံးများတယ်ဆိုတဲ့

ဆရာမ “မနော်ဟရီ” ရဲ့ကဗျာက

မဆီမဆိုင်…..

ငါ့ရင်ဘတ်ထဲ လင်းးးးနေတာ

ပြင်းးရှလွန်းအားးးကြီးပါရဲ့…။

ကိုယ်တင်မှ မြင့်မယ့်

ဒီစိတ်ဓာတ်တွေအတွက်တော့

အသိတရားတွေကို

မကြာခဏ မြေသြဇာ ကြွေးထားရတယ်

ကြာရင် “စက်ရုပ်”ဆန်လာတဲ့

ကိုယ့်ကိုယ်ကိုယ် မုန်းမိမှာ

ကြောက်လို့……..။

မူမမှန်တော့တဲ့

ရာသီဥတုတွေလိုဘဲ

ပုံမှန်မဟုတ်တဲ့စိတ်တွေကို

ထိန်းကြောင်းဖို့ အတွက်

ရာသီခွင်မှားတဲ့ တွက်ချက်နည်းတွေ

သင်ယူဖို့ လိုပြီ ထင်ပါရဲ့…..။

02:15 PM

နတ်သမီး

In: ကဗျာ Posted By: Date: Aug 2, 2011
Comment #1

ကိုယ်တိုင် “ထူ” မှ “ထ” မယ့်

ဒီ “ဘဝ” အတွက်တော့

ပန်းတိုင်ဆိုတာ

တစ်ထောင့်တစ်ည ပြောရမဲ့

ပုံပြင်တပုဒ်အလားပဲ……။
ကြိုက်တယ်ဗျအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 2, 2011
Comment #2

ကိုယ်တင်မှ မြင့်မယ့်

ဒီစိတ်ဓာတ်တွေအတွက်တော့

အသိတရားတွေကို

မကြာခဏ မြေသြဇာ ကြွေးထားရတယ်

ကြာရင် “စက်ရုပ်”ဆန်လာတဲ့

ကိုယ့်ကိုယ်ကိုယ် မုန်းမိမှာ

ကြောက်လို့…….

commentinfo By: May Kha at Aug 2, 2011
Comment #3

အားပေးသွားပါတယ်..

commentinfo By: songmoezin at Aug 3, 2011
Comment #4

ကိုယ်တင်မှ မြင့်မယ့်
ဒီစိတ်ဓာတ်တွေအတွက်တော့
အသိတရားတွေကို
မကြာခဏ မြေသြဇာ ကျွေးထားရတယ် စာသားတွေ တယ် လန်းတယ်ဗျာ ။ အားပေးသွားပါတယ် ။

commentinfo By: X - ray at Aug 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment