Professional Authors

နတ်တို့မသိတဲ့ နှလုံးသား

မနက်ခင်းတစ်ခုမှာ

လန်းဆန်းမှုတွေနဲ့ နိုးထလာခိုက်

ကျနော့်ရဲ့  ကိုယ်စောင့်နတ်သမီးလေးကမေးတယ်။  ။

သခင် သခင်မနက်နိုးထတဲ့အခါ

သခင့်ရဲ့  ကိုယ်ထဲမှာ

သခင့်ရဲ့  စိတ်ကိုကျနော်မျိုးနတ်သမီးမတွေ့ရပါ။

သခင့်ရဲ့  စိတ်တွေ ဘယ်ဆီရောက်နေတာလဲတဲ့လေ…

အို… နတ်သမီး

ငါ၏ စိတ်သည် ချစ်ရသူထံသို့ ရောက်နေပါသည်။

သခင် သခင့်ရဲ့ အချစ်တွေကို

သူမထံ အကုန်ပေးအပ်လိုက်ပြီးလား။

အို…. နတ်သမီး

အချစ်ဆိုတာ ကုန်ဆုံးတယ်မရှိပါဘူး။

ဒီလိုမကုန်ဆုံးနိုင်တဲ့အချစ်နဲ့

သူမကို ချစ်မိသွားတာပါ။

သခင် ကျနော်မျိုးနတ်သမီးဟာ

သခင့်ရဲ့  နှလုံးသားကိုစောင့်ရှောက်ရသော

နတ်သမီးဖြစ်ပါလျှက် ဘာလို့သခင့်ရဲ့ 

နှလုံးသားကို မသိရပါသလဲ။

အို…. နတ်သမီး

သင်သည် ကိုယ့်နှလုံးသားရဲ့ 

အစောင့်နတ်သမီးမျှသာဖြစ်တယ်။

သူမကတော့ ကိုယ့်နှလုံးသားရဲ့ 

အရှင်သခင်ဖြစ်ပါတယ်။   ။

In: ကဗျာ Posted By: Date: Jan 19, 2013
Comment #1

R lar lar
Lann de kwar.
😛
Daw Daw le sa kar tat tar be naw.

commentinfo By: ei lay at Jan 19, 2013
Comment #2

He..he..
😛
Spare laee ne?

commentinfo By: ei lay at Jan 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment