Professional Authors

ပုံပြင်ကိုပုံဖော်ချင်မိသူ

ပြန်လာခဲ့မယ်နော်ဆိုတဲ့ချွေးသိပ်စကားနဲ့
သကာချိုဖုံး ၊ အဝေးဆုံးသို့ထွက်သွားသူ။
ချိုသာမုသားကို ယုံစားမိသူကကိုယ်….
သိစေချင်လိုက်တာ.
ပန်းခရမ်းရောင်နေ့ရက်တွေကိုဖြတ်သန်းရင်း
စောင့်နေရဆဲ ကိုယ်ပါချစ်သူ။

မိုးစက်ထွက်ပြေး
နှင်းမိုးရွာချိန်၊ သူမလာသေး
စိန်ပန်းပွင့်နီ ၊ ငုဝါအပြိုက်
ပိတောက်မကျန်ပွင့်ပါသော်လည်း (လဲ)
ခရမ်းပြာအလွမ်းနဲ့
ဖက်တွယ်နေဆဲကိုယ်ပါချစ်သူ။

ရောင်စုံပန်းချီ ကားချပ်ပေါ်ဝယ်
စုတ်ချက်ကြမ်းကြမ်းငါဖန်တီးရင်းနဲ့
မြစ်တမြစ်ထဲစီးမျှောပါမိ ( အချိန်ဆိုတဲ့မြစ်)
မဆုံးနိုင်သော တေးချင်းဆိုညီး
မာယာစုံတဲ့နေ့ရက်တွေလယ်
ပြောင်းလဲခြင်းများဖြတ်ကျော်ရင်းနဲ့
ငါ့အလွမ်းရောင် ခပ်ရင့်ရင့်ကို
ငါ့ရင်ပိုက်ထွေး၊ လွှတ်မချသေး
သယ်ဆောင်သွားဆဲ ကိုယ်ပဲချစ်သူ။

ချစ်သူရေ..
စိတ်ကိုစိတ်နဲ့ ဆက်သွယ်နိုင်တယ်တဲ့…
ငါယုံကြည်စွာနဲ့ ငါ့အလွမ်းစိတ်တွေနဲ့ဆက်သွယ်လိုက်တယ်….
ငါ့အလွမ်းတွေက်ု မင်း လကိခံရတယ်ဆိုရင်
ငါ့ဆီအပြေးပြန်လာပေးပါ…..
အပြာနုနုအချစ်တို့ကိုထွေးပွေ့ရင်းနဲ့
စောင့်မျှော်နေမှာ. ကိုယ်ပါချစ်သူ။ 

In: ကဗျာ Posted By: Date: Aug 1, 2011
Comment #1

ချစ်သူရေ..
စိတ်ကိုစိတ်နဲ့ ဆက်သွယ်နိုင်တယ်တဲ့…
ငါယုံကြည်စွာနဲ့ ငါ့အလွမ်းစိတ်တွေနဲ့ဆက်သွယ်လိုက်တယ်….
ငါ့အလွမ်းတွေက်ု မင်း လကိခံရတယ်ဆိုရင်
ငါ့ဆီအပြေးပြန်လာပေးပါ…..
အပြာနုနုအချစ်တို့ကိုထွေးပွေ့ရင်းနဲ့
စောင့်မျှော်နေမှာ. ကိုယ်ပါချစ်သူ။
မမေခ..အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 1, 2011
Comment #2

thanks naw .poem poem yay………

commentinfo By: May Kha at Aug 1, 2011
Comment #3

ချစ်သူရေ..
စိတ်ကိုစိတ်နဲ့ ဆက်သွယ်နိုင်တယ်တဲ့…
ငါယုံကြည်စွာနဲ့ ငါ့အလွမ်းစိတ်တွေနဲ့ဆက်သွယ်လိုက်တယ်….
ငါ့အလွမ်းတွေကို မင်း လက်ခံရတယ်ဆိုရင်
ငါ့ဆီအပြေးပြန်လာပေးပါ…..
အပြာနုနုအချစ်တို့ကိုထွေးပွေ့ရင်းနဲ့
စောင့်မျှော်နေမှာ. ကိုယ်ပါချစ်သူ။

အရမ်းကြိုက်တယ်…

commentinfo By: songmoezin at Aug 1, 2011
Comment #4

အားပေးနေပါတယ်….။

Comment #5

ကဗျာ နောက်ဆုံးအပိုဒ်လေး ဖတ်လို့ တယ်ကောင်းတယ်ဗျာ ။ အားပေးသွားတယ်ဗျာ ။

commentinfo By: X - ray at Aug 1, 2011
Comment #6

ချစ်သူရေ..
စိတ်ကိုစိတ်နဲ့ ဆက်သွယ်နိုင်တယ်တဲ့…
ငါယုံကြည်စွာနဲ့ ငါ့အလွမ်းစိတ်တွေနဲ့ဆက်သွယ်လိုက်တယ်….
ငါ့အလွမ်းတွေက်ု မင်း လကိခံရတယ်ဆိုရင်
ငါ့ဆီအပြေးပြန်လာပေးပါ…..
အပြာနုနုအချစ်တို့ကိုထွေးပွေ့ရင်းနဲ့
စောင့်မျှော်နေမှာ. ကိုယ်ပါချစ်သူ။

ဟုတ်တယ် နောက်ဆုံးပိုဒ်လေး
အပြေးပြန်လာချင်စိတ် ပေါက်မှာ သေချာတယ်….

commentinfo By: မယ်မနော at Aug 1, 2011
Comment #7

ခရမ်းပြာအလွမ်းတွေနဲ့ လွမ်းဖို့ကောင်းလိုက်တာဗျာ

commentinfo By: မိုးသစ်လေပြေ at Aug 1, 2011
Comment #8

nice.
me too.
the last one is the best.

commentinfo By: ei lay at Aug 1, 2011
Comment #9

မိုးစက်ထွက်ပြေး
နှင်းမိုးရွာချိန်၊ သူမလာသေး
စိန်ပန်းပွင့်နီ ၊ ငုဝါအပြိုက်
ပိတောက်မကျန်ပွင့်ပါသော်လည်း (လဲ)
ခရမ်းပြာအလွမ်းနဲ့
ဖက်တွယ်နေဆဲကိုယ်ပါချစ်သူ။

commentinfo By: ဆည်းဆာ at Aug 2, 2011
Comment #10

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်.. လိုအပ်တာတွေကိုလဲထောက်ပြပေးပါရှင်..

commentinfo By: May Kha at Aug 2, 2011
Comment #11

လွမ်းတယ်
ဒီကဗျာလေးကိုဖတ်တော့ပိုလွမ်းတယ်။
ကောင်းတဲ့ ကဗျာလေးပါ။

commentinfo By: jenny at Aug 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment