Professional Authors

ဇစ်မြစ်

ဖြူစင်စွာ…. မှားယွင်းမှုတွေအတွက်

ပေးဆပ်မှု အတိုင်းအတာ

ရှိတယ်ဆိုရင်…

နက်နဲစွာ ဖောက်ထွင်းမှု

ဒီတင် ရပ်တန့်သင့်နေပါပြီ။

 

အရှုံးဆိုတဲ့အရာ

တိမ်ကော ပျောက်ကွယ်မှု

အတွက် စိုး ရိမ်တကြီး

လူ တစုရဲ့

ထိန်းသိမ်း ဖော်ထုတ်မှု။

 

အနိုင်တွေချည်းပဲ

ရင်မှာ ပိုက်ပီး

အရှုံးကို လိုက်ရှာနေသူများအတွက်

ကော်ဖီဆိုင် ကောင်းကောင်းလေး..

ဒီကျူးကျော်ရပ်ကွက်လေးထဲမှာ

ဖွင့်ထားတယ်။

 

ကိုယ့်ကျင့်တရားတွေ

လူနေမှု အဆင့်အတန်းတွေ

လက်ကားရောင်းတဲ့ နေရာ

တွေ့ထားပါသည်။

 

lexus car ပေါ်ကနေ

သမ္မတ အပြုံးမျိုးနဲ့

လောကကြီးကို

နှုတ်ဆက်သူတွေလဲ

ကျန်းမာပါစေလို့…

 

လူလတ်တန်းစား

ရပ်ကွက်ငယ်လေးရဲ့

လမ်းဘေး..စက်ဘီးပြင်ဆိုင်လေးတဆိုင်မှ

မေတ္တာပို့ပါတယ်။

 

ရိုစုမဲစုလေးနဲ့

ဆောက်ကြွားသန်သူတွေလဲ

အငြိမ်းစားယူသင့်နေပါပြီ။

 

လူကြားထဲ

ထင်ပေါ်ချင်သူတွေ

အကောင်းဆုံးအကြုံပြုချက်

လေးဘက်ထောက်သွားပါ။

 

လင်မယားစိတ်ဓာတ်

ယိုင်နဲ့မှုကို

ပိုက်ဆံက

လူကြမ်းဝင်လုပ်ပါသည်။

 

လူကြမ်းပြောတာကတော့

ကာမပိုင်xxxကာမပိုင်ဆိုင်မှုကို

ငွေကြေးနဲ့ ၀ယ်ယူပါ။

 

မင်းထက်သာတာမတွေ့လို့

မင်းကိုယူတာ လို့ မပြောရုံ တမယ်။

 

စိတ်မရှုပ်ပါနဲ့ကွာ

ရွှေဂုံတိုင်ပွိုင့်မှာ

ညဘက်စံပယ်ပန်းရောင်းသူတွေကတော့

မင်းကိုရီနေမှပေါ့။

 

ရှုံးနိမ့်မှုကို ထိုသူတွေ

ဖွင့်ဆိုချက်တွေ

အကြမ်းစားတွေ။

သံယောဇဉ်တွေကို

ရှုံးနိမ့်မှုနဲ့

အနိုင်ယူပါ။

 

တိမ်ကောပျောက်ကွယ်စ

လူမျိုးတမျိုးကို

တွေ့လိုက်ရသလိုပဲ။

အံအားသင့်မှု။

အဖြူဆိုတာ..အမည်းရှိမှ

ပေါ်လွင်တာပါကွာ။

 

မင်းမျက်လုံးတွေအရောင်တွေလဲ့နေပါလား

ခြေလှမ်းတွေကလဲ ကျိုတို့ကျဲတဲ

ဝယ်လို့မရဘူးလား

Tramacap မရလဲ valium5 ပေါ့ကွာ။

 

ဘာ!!!!

မင်းက အပျိုမှ လက်ထပ်ချင်တာ

ဒါဆိုရင်တော့..mid circle သာစောင့်ကွာ။

ဒါမှမဟုတ်..အရင်ဘဲဆီက

ထောက်ခံစာသွားယူ…အပျိုစစ်ကြောင်း…

 

ထောက်ခံစာယူမလို့လား

ဓာတ်ပုံ၃ ပုံနဲ့ သန်းခေါင်စာရင်းမိတ္တူ

ယူသွားအုံး။

 

မင်းဇစ်မြစ်ကို သိချင်လို့။

 

 

 

FiйaL⎝⋋⏝⋌⎠mUtaTioй

 

2.7.2011 ( 2:00 pm)

In: ကဗျာ Posted By: Date: Jul 30, 2011
Comment #1

ရှိစုမဲ့စုလေးနဲ့
….ကြွားသန်သူတွေလည်း
အငြိမ်းစားယူသင့်နေပါပြီ

လူကြားထဲ
ထင်ပေါ်ချင်သူတွေ
အကောင်းဆုံး အကြံပြုချက်
လေးဖက်ထောက်သွားပါ

လင်မယားစိတ်ဓာတ်
ယိုင်နဲ့မှုကို
ပိုက်ဆံက
လူကြမ်းဝင်လုပ်ပါသည် ။ ဒီအပိုဒ်တွေ ဖတ်လို့အကောင်းဆုံးဘဲ ကျွန်တော့ အမြင်ပြောတာပါ ။ ခံစားချက်တွေ တော်တော်ပြင်းမှန်း ကဗျာကို ကြည့်တာနဲ့တင် သိနိုင်ပါတယ် ။ အားပေးသွားပါတယ် ။

commentinfo By: X - ray at Jul 30, 2011
Comment #2

လူကြားထဲ
ထင်ပေါ်ချင်သူတွေ
အကောင်းဆုံးအကြုံပြုချက်
လေးဘက်ထောက်သွားပါ။
အဖြူဆိုတာ..အမည်းရှိမှ
ပေါ်လွင်တာပါကွာ။…။ကောင်းတယ်ကွာ…။

commentinfo By: မြေနံ့ at Jul 31, 2011
Comment #3

အနိုင်တွေချည်းပဲ

ရင်မှာ ပိုက်ပီး

အရှုံးကို လိုက်ရှာနေသူများအတွက်

ကော်ဖီဆိုင် ကောင်းကောင်းလေး..

ဒီကျူးကျော်ရပ်ကွက်လေးထဲမှာ

ဖွင့်ထားတယ်။
ကောင်းတယ်….။

commentinfo By: ဆည်းဆာ at Aug 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment