Professional Authors

ငါ့………ချစ်ခြင်း

အချစ်ဆိုတာ ဘာလဲ…….
မင်းကို ငါမြင်လိုက်တိုင်း
ငါ့တည်ကြည်မှုတွေပျောက်ဆုံးပြီး  ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတာ  အချစ်လား…….
မင်းနဲ့အကြည့်ချင်းဆုံတိုင်း  ငါမျက်နှာလွှဲလိုက်တာ
မင်းငါ့အနားရောက်လာတိုင်း  ငါတစ်နေရာရာကို ထွက်သွားလိုက်တာ
ဒါတွေက အချစ်ကြောင့်လား…….

တကယ်ဆို မင်းအသံ မင်းအမူအရာ မင်းအပြုံးတွေကြောင့်
ငါ့နှလုံးသားတစ်စုံ သေရာက နိုးထလာခဲ့ရတာပါ
ငါ့နှလုံးသားက ထွက်ကျလာတဲ့ အချစ် စမ်းရေတွေကို 
မင်းသောက်ချင်သောက် ချိုးချင်ချိုး လိုသလိုအသုံးချနိုင်တယ်
မင်းပျော်ဖို့ဆိုရင် ငါ့နှလုံးသားကိုမင်း လမ်း အဖြစ်ခင်းပြီး နင်းသွားရင်တောင် ငါကျေနပ်နေမှာပါ

မင်းကို ငါ ချစ်တယ်  ဆိုတာ အမှန်တရားဘဲ
လွှတ်မချရက်တဲ့ အမှန်တရားတစ်ခုကို
ရင်ထဲမှာ စောက်နဲ့ထွင်းထားရတာ
တစ်ခါတစ်လေတော့လည်း   ရင်ဘတ်ကြီးတစ်ခုလုံး  နာ…..ကျင်…..နေ……ပြီ  ။

4.10.2010.

In: ကဗျာ Posted By: Date: Jul 29, 2011
Comment #1

မင်းကို ငါ ချစ်တယ် ဆိုတာ အမှန်တရားဘဲ
လွှတ်မချရက်တဲ့ အမှန်တရားတစ်ခုကို
ရင်ထဲမှာ စောက်နဲ့ထွင်းထားရတာ
တစ်ခါတစ်လေတော့လည်း ရင်ဘတ်ကြီးတစ်ခုလုံး နာ…..ကျင်…..နေ……ပြီ
ကြိုက်တယ်ဗျာအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 30, 2011
Comment #2

အားပေးတဲ့ poem.poem28 ကို ကျေးဇူးအများကြီးတင်ပါတယ် ။

commentinfo By: X - ray at Jul 30, 2011
Comment #3

same to u.

commentinfo By: eilay at Aug 1, 2011
Comment #4

comment ပေးသွားတဲ့ မအိလေး ကျေးဇူးအများကြီးတင်တယ်ဗျာ ။

commentinfo By: X - ray at Aug 1, 2011
Comment #5

ကြိုက်တယ်ဗျာ…

commentinfo By: phonegyi at Aug 1, 2011
Comment #6

အားပေးတဲ့ ကိုphonegyi ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ။

commentinfo By: X - ray at Aug 1, 2011
Comment #7

မင်းနဲ့အကြည့်ချင်းဆုံတိုင်း ငါမျက်နှာလွှဲလိုက်တာ
မင်းငါ့အနားရောက်လာတိုင်း ငါတစ်နေရာရာကို ထွက်သွားလိုက်တာ
ဒါတွေက အချစ်ကြောင့်လား…! ကောင်းတယ် အားပေးတယ်ဗျာ

commentinfo By: ဖိုးနမ်း at Aug 3, 2011
Comment #8

အားပေးတဲ့ ကိုဖိုးနမ်း ကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ။

commentinfo By: X - ray at Aug 4, 2011
Comment #9

i like so so much that read & read & read & read.

commentinfo By: eilay at Aug 5, 2011
Comment #10

ကျွန်တော့ကဗျာလေးကို နှစ်သက်တယ်ဆိုလို့ ကျေးဇူးအများကြီးတင်ပါတယ် မအိလေး ။

commentinfo By: X - ray at Aug 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment