မော်ကွန်းတမျက်နှာ
ဘယ်လိုပဲဖြစ်ဖြစ်
ရွှေရည်စိမ် ချစ်ခြင်းတစ်ခုအတွက်
သူမကို
အိပ်မက်တွေအထပ်ထပ်နဲ့
ကျေးဇူးတင်ပါရဲ့…
အမှည့်လွန်သီးတို့ပျက်ကြွေရာသီ
အရှိန်မသေသေးတဲ့ တမ်းတခြင်းမျာစွာ
ပိတောက်ဝါ တစ်ရက်
မျက်ရည်ဖြင့်ဝေသီသော ညနေတစ်ခု
ဒီလောက်နဲ့ ပြီးသွားတာပါပဲ…
အဲဒီမှာ.
မကျက်သေးသော နှုတ်ခမ်းလွှာ
အကြင်နာ အနမ်းတပိုင်းတစ
အပြုံးများဖြင့်မျက်နှာ နုနု
စိတ်ကိုပြုစားသော စကားလုံးများ
ခြစားသော ပြုပြင်ခြင်းစီမံကိန်း
ကောင်းကင်မှာသိမ်းပြီး
ခမ်းနားစွာဖုတ်ကျည်းသင်္ဂြုဟ်ခဲ့ပါတယ်…
သွားရက်လေသူရေ
နောက် အနာဂတ်အတွက်
ပက်သက်မှုတွေ ရှေ့မဆက်ကြစို့ရဲ့…
ဖြစ်တည်မှုအခန်းဆက်မှာ
ဖန်တရာတေအောင်မြင်ပြီး
နူးညံ့ခြင်းအလွှာလွှာမှာ
ပညာအဆင်ဆင့်တို့နဲ့
သူရဲကောင်းဆိုတာတွေကို
ဆက်လက်အောင်မြင်နိုင်ပါစေကွယ့်…..
Comment #2
နောက် အနာဂတ်အတွက်
ပက်သက်မှုတွေ ရှေ့မဆက်ကြစို့ရဲ့…
ဖြစ်တည်မှုအခန်းဆက်မှာ
ဖန်တရာတေအောင်မြင်ပြီး
နူးညံ့ခြင်းအလွှာလွှာမှာ
ပညာအဆင်ဆင့်တို့နဲ့
သူရဲကောင်းဆိုတာတွေကို
ဆက်လက်အောင်မြင်နိုင်ပါစေကွယ့်…..
goodတယ်ဗျာအားပေးသွားပါတယ်။
By: poem.poem28 at Jul 29, 2011
Comment #3
အားပေးသွားတယ်အစ်ကို မိုက်တယ်း)
By: မိုးသစ်လေပြေ at Jul 29, 2011
Comment #5
အဲဒီမှာ.
မကျက်သေးသော နှုတ်ခမ်းလွှာ
အကြင်နာ အနမ်းတပိုင်းတစ
အပြုံးများဖြင့်မျက်နှာ နုနု
စိတ်ကိုပြုစားသော စကားလုံးများ
ခြစားသော ပြုပြင်ခြင်းစီမံကိန်း
ကောင်းကင်မှာသိမ်းပြီး
ခမ်းနားစွာဖုတ်ကျည်းသင်္ဂြုဟ်ခဲ့ပါတယ်…
..ဘာပြောရမှန်းမသိတော့ဘူး……..အရမ်းနှစ်သက်…လို့အားပေးသွားသည်
By: အသဲကွဲမိုး at Jul 30, 2011
Comment #6
အရမ်းမိုက်တယ်ဗျာ……..တကယ်ကိုထိတယ်..အကို့ရဲ့ခံစားချက်ကိုနားလည်ပါတယ်
ဒီထက်ပိုကောင်းတဲ့ကဗျာလေးတွေဆက်ပြီးရေးနိုင်ပါစေ…အကို…အားပေးနေပါတယ်
By: taryar at Jul 30, 2011
Comment #7
နောက် အနာဂတ်အတွက်
ပက်သက်မှုတွေ ရှေ့မဆက်ကြစို့ရဲ့…
ဖြစ်တည်မှုအခန်းဆက်မှာ
ဖန်တရာတေအောင်မြင်ပြီး
နူးညံ့ခြင်းအလွှာလွှာမှာ
ပညာအဆင်ဆင့်တို့နဲ့
သူရဲကောင်းဆိုတာတွေကို
ဆက်လက်အောင်မြင်နိုင်ပါစေကွယ့်…..။။
By: ဆည်းဆာ at Aug 2, 2011
Comment #8
အဲဒီမှာ.
မကျက်သေးသော နှုတ်ခမ်းလွှာ
အကြင်နာ အနမ်းတပိုင်းတစ
အပြုံးများဖြင့်မျက်နှာ နုနု
စိတ်ကိုပြုစားသော စကားလုံးများ
ခြစားသော ပြုပြင်ခြင်းစီမံကိန်း
ကောင်းကင်မှာသိမ်းပြီး
ခမ်းနားစွာဖုတ်ကျည်းသင်္ဂြုဟ်ခဲ့ပါတယ်…
great great great..!!
By: ဖိုးနမ်း at Aug 3, 2011
Comment #9
အလန်းကြီးဗျာ
အနုအရွတွေနဲ့
နောက်ဆုံးမှာ
သွားလေသူကပါလာတယ်နော်
သွားလေသူကိုတော်တော်ရည်ညွှန်းတယ်နော်
မိုက်တယ်ဗျာ
အားပေးသွားပါတယ်
By: myboy at Aug 20, 2011




Comment #1
ဘယ်လိုပဲဖြစ်ဖြစ်
ရွှေရည်စိမ် ချစ်ခြင်းတစ်ခုအတွက်
သူမကို
အိပ်မက်တွေအထပ်ထပ်နဲ့
ကျေးဇူးတင်ပါရဲ့…
အမှည့်လွန်သီးတို့ပျက်ကြွေရာသီ
အရှိန်မသေသေးတဲ့ တမ်းတခြင်းမျာစွာ
ပိတောက်ဝါ တစ်ရက်
မျက်ရည်ဖြင့်ဝေသီသော ညနေတစ်ခု
ဒီလောက်နဲ့ ပြီးသွားတာပါပဲ…
အရမ်းမိုက်တယ်…ဗျ….ထပ်တူထပ်မျှဆိုတဲ့စကားကမှနည်းနည်းပါးနေဦးမယ်…
တော်တော်ကိုတိုက်ဆိုင်တယ်ဗျာ..ကျွန်တော့်အဖြစ်နဲ့ ..အားပေးလျက်ပါ..။ 🙂