ဂျူံးဂျူံးကျနေပြီ
မနက်မိုးသောက် နှိုးထမှု့နဲ့ပါလာတဲ့ နင်..
သွားပါ…အဝေးကြီးကို သွားလိုက်တော့
ချန်ခဲ့လို့ ကြေကွဲခဲ့ပြီးတာတောင်
မိုက်တဲ့ကောင် အခုထိနောင်တမရနိုင်သေးခဲ့ဘူး
အလွမ်းကိုမှ မက်မော
ရူးသွပ်ခြင်းတွေကို ရှုရှိုက်လို့
တစ်ယောက်တည်းတောင် မတ်တပ်ရပ်နေရတဲ့ကောင်
ဓါတ်တိုင်ကြီးအောက်မှာ စိတ်ကူးယဉ်ကောင်းနေတုန်း
မိုးသည်းလေးများ တဖွားဖွားနဲ့ပေါ့…။ ။
ငါ့ရဲ့ နံရိုးကိုထုတ် လူလုပ်ပေးခဲ့ပြီးပါပြီ
မိန်းကလေးရေ…
ဘာကိုမှ မလိုချင်တော့ဘူး
ဘာကိုမှလည်း မတောင်းဆိုတော့ဘူး
အဆိပ်တစ်ခွက်သာ ပို့်ပေးလိုက်ပါ
ချိုမြိန်စွာ ငါသောက်သုံးပေးပါ့မယ်..
နင်ရဲ့ရှေ့က အမြဲရပ်တည်ပေးခဲ့တာ ငါ…. 
ငါဆိုတဲ့ ဒီကောင်ကြီးမရှိတဲ့နောက်
လိုအပ်ချက်တစ်ခုကို နင်သိလာလိမ့်မယ်…။
ခါးပတ်မပတ်ချင်လို့ ဘောင်းဘီကို
ခဏ…ခဏ ဆွဲတင်တတ်တဲ့ ကောင်
အချစ်တွေကို အန်တု
နင့် ခံစားချက်ဆိုတာကြီးကို အလဲထိုးဖို့
ဒီလူတွေကြားမှာ ရွက်လွှင့်လိုက်ဦးမည်….။ ။
Comment #5
အချစ်တွေကို အန်တု
နင့် ခံစားချက်ဆိုတာကြီးကို အလဲထိုးဖို့
ဒီလူတွေကြားမှာ ရွက်လွှင့်လိုက်ဦးမည်….။ ။
အားပေးသွားတယ်ဖိုးနမ်း….
                        By: poem.poem28 at Jul 29, 2011
                    Comment #6
အားပေးတဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးပါ..
လူဆိုးရေ..သိရဲ့သားနဲ့များကွာ… 😀
                        By: ဖိုးနမ်း at Jul 29, 2011
                    Comment #8
မေးစရာကို မလိုတာ..တည့်တည့်ဘဲ သွေးထွက်အောင်ကို မှန်တာရယ်.. 😀
                        By: ဖိုးနမ်း at Jul 29, 2011
                    Comment #10
=)
                        By: ဖိုးနမ်း at Jul 29, 2011
                    Comment #12
အားလုံး ကျေးဇူးပါ
                        By: ဖိုးနမ်း at Jul 30, 2011
                    Comment #13
ဘာကိုမှ မလိုချင်တော့ဘူး
ဘာကိုမှလည်း မတောင်းဆိုတော့ဘူး
အဆိပ်တစ်ခွက်သာ ပို့်ပေးလိုက်ပါ
ချိုမြိန်စွာ ငါသောက်သုံးပေးပါ့မယ်..
နင်ရဲ့ရှေ့က အမြဲရပ်တည်ပေးခဲ့တာ ငါ….
ငါဆိုတဲ့ ဒီကောင်ကြီးမရှိတဲ့နောက်
လိုအပ်ချက်တစ်ခုကို နင်သိလာလိမ့်မယ်…။
…မိုက်ချက်က..လက်ကုန်ပဲ…ဖိုးနမ်းရေ..ကြိဲုက်တယ်ဟ….အားပေးနေတယ်
                        By: အသဲကွဲမိုး at Jul 30, 2011
                    Comment #14
မိုးရေ….ကျေးဇူးဘဲ အားလုံး အားလုံးကိုပါဘဲဗျာ.. 😀
                        By: ဖိုးနမ်း at Jul 30, 2011
                    Comment #15
အားပေးသံတွေကြားရတာ နဲ့ ကျေနပ်နေလောက်ရောပေါ့…၊ ကျွန်တော်လဲအားပေးနေတယ် ဗျိုးးး.။
                        By: ဆည်းဆာ at Aug 2, 2011
                    Comment #16
🙂 သူငယ်ချင်းတွေအားလုံး အားပေးကြတော့ အရမ်းဝမ်းသာတယ်.. ကဗျာကို ရေးဖို့ အားဆေးပါဘဲဗျာ..
                        By: ဖိုးနမ်း at Aug 2, 2011
                    Comment #18
အဆိပ်တစ်ခွက်ဆိုလုံလောက်လို့လား…
ဟိုကတကယ်ပို့နေရင်အခက်…:)
                        By: PC at Sep 26, 2011
                    Comment #19
ကျေးဇုးဘဲ သူငယ်ချင်းအားလုံး..
တကယ်ပေးရင် တကယ်သောက်မှာပေါ့ဗျာ.. 😀
                        By: ဖိုးနမ်း at Oct 9, 2011
                    



 
Comment #1
အချစ်တွေကို အံတု
နင့်ခံစားချက်ဆိုတာကြီးကို အလဲထိုးဖို့
ဒီလူတွေကြားမှာ ရွက်လွှင့်လိုက်ဦးမည် တော်တော်ကောင်းတဲ့ စာသားလေးဘဲ အားပေးသွားတယ် ကိုဖိုးနမ်းရေ ။