Professional Authors

ကိုယ်ရေးကိုယ်တာ ကြေကွဲမှုများ

ပြုတ်ကျတာ မဟုတ်ပေမယ့်
အထိ နာခဲ့ပါတယ်..၊
သေရာပါအောင် မဟုတ်တာတောင်
ဒဏ်ရာက တော်တော်လေး နက်ခဲ့တယ်..၊
ဒီတစ်သက်တော့
ဘယ်အတွက်မှ ပြန်တွေဖို့မရှိပေမယ့်
နောင်ဘဝထိ ဆက်ချစ်နေချင်…..တယ်.။

လက်တစ်ကမ်းအကွာမှာ ဆိုပေမယ့်
လက်လှမ်းမှရမှာကို ငါမသိခဲ့ပြန်ဘူး..၊
ကိုယ့်ကိုယ်ကို ရူးလားပြန်မေးတော့.
“သူက မင်းရဲ့ အချစ်ဦးလေ” တဲ့..၊
တစ်၊ နှစ်၊ သုံး ဆိုပြီး
တစ်ချိုးတည်းပြေးခဲ့ပေမယ့်..
ငါရောက်တော့..
နောက်ကျနေခဲ့ပြီပဲ…။

မာယာသီးတွေ စားပြီးမှတော့
စကားတွေလည်း မုသားပါပြီပေါ့..၊
ရှည်လျားတဲ့ သံသရာက
တမာသီးတွေနဲ့ ငါ့ကိုထားခဲ့တယ်..။
မကျေနပ်လဲ ကျေနပ်လိုက်မယ်..၊
တိုက်တယ် ခိုက်တယ်ဆိုတာ
နင်မကြိုက်တဲ့အရာပဲမဟုတ်လား.။

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Jul 28, 2011
Comment #1

အရမ်းကောင်းပါတယ်…ကဗျာတွေကိုဆက်ရေးပါအုံးနော်..ကဗျာတိုင်းကိုအားပေးနေပါတယ်…အပင်မြင့်လေ လေတိုက်လေတဲ့ …အဲဒါကိုတော့မမေ့နဲ့ နော်…ကိုဇော်သက်ဦးကိုတိုက်ကြတော့မှာ…ဥပမာ…ကဗျာလား…သီချင်းလားလို့ ပုတ်ခတ်သလိုမျိုးပေါ့…

commentinfo By: မိုးသားဖြူ at Jul 28, 2011
Comment #2

ကလောင်ရှင် မိုးသားဖြူ ဆိုတာ ဘယ်သူများပါလဲ…၊ သီချင်းဆိုတာ ကဗျာကလာတာလို့ ပညာရှင်တွေကပြောဖူးပါတယ်….။ကျေးဇူးတင်ပါသည်….။

Comment #3

မာယာသီးတွေ စားပြီးမှတော့
စကားတွေလည်း မုသားပါပြီပေါ့..၊

commentinfo By: May Kha at Jul 28, 2011
Comment #4

ရှည်လျားတဲ့ သံသရာက
တမာသီးတွေနဲ့ ငါ့ကိုထားခဲ့တယ် စာသားတွေ တယ်မိတယ်ဗျာ အားပေးသွားပါတယ် ။

commentinfo By: X - ray at Jul 28, 2011
Comment #5

ကိုဇော်သက်ဦးရေ…စာသားလေးတွေကအရမ်းမိုက်ပါတယ်…
အမြဲတမ်းအားပေးနေမယ်နော်….ဆက်လက်ကြိုးစားပါဦးနော်…

commentinfo By: ကြယ်စင်နတ်သမီး at Jul 28, 2011
Comment #6

ကဗျာဆရာ …. တော်တယ်။

commentinfo By: moehtetaung18 at Jul 28, 2011
Comment #7

အားပေးတဲ့သူများအား… ကျေးဇူးတင်လျက်ပါ….။
ကြိုစားပါဦးမည်…..။

Comment #8

ပြုတ်ကျတာ မဟုတ်ပေမယ့်
အထိ နာခဲ့ပါတယ်..၊
သေရာပါအောင် မဟုတ်တာတောင်
ဒဏ်ရာက တော်တော်လေး နက်ခဲ့တယ်..၊
ဒီတစ်သက်တော့
ဘယ်အတွက်မှ ပြန်တွေဖို့မရှိပေမယ့်
နောင်ဘဝထိ ဆက်ချစ်နေချင်…..တယ်.။တော်တော်လေး..ကို လက်ကောင်းလာတာပဲဗျ

commentinfo By: အသဲကွဲမိုး at Jul 30, 2011
Comment #9

ဟုတ်.. ကျေးဇူးပါ မမ အသဲကွဲမိုး…။

Comment #10

ပြုတ်ကျတာ မဟုတ်ပေမယ့်
အထိ နာခဲ့ပါတယ်..၊
သေရာပါအောင် မဟုတ်တာတောင်
ဒဏ်ရာက တော်တော်လေး နက်ခဲ့တယ်..၊
ဒီတစ်သက်တော့
ဘယ်အတွက်မှ ပြန်တွေဖို့မရှိပေမယ့်
နောင်ဘဝထိ ဆက်ချစ်နေချင်…..တယ်.။
ဖတ်ရင်း လွမ်းခဲ့တရ်… အားပေးခဲ့တရ်နော်…

commentinfo By: sandi at Aug 1, 2011
Comment #11

ကျေးဇူးတင်ပါတယ်…..အစ်မရေးးး..။

Comment #12

လက်တစ်ကမ်းအကွာမှာ ဆိုပေမယ့်
လက်လှမ်းမှရမှာကို ငါမသိခဲ့ပြန်ဘူး..၊
ကိုယ့်ကိုယ်ကို ရူးလားပြန်မေးတော့.
“သူက မင်းရဲ့ အချစ်ဦးလေ” တဲ့..၊
တစ်၊ နှစ်၊ သုံး ဆိုပြီး
တစ်ချိုးတည်းပြေးခဲ့ပေမယ့်..
ငါရောက်တော့..
နောက်ကျနေခဲ့ပြီပဲ…။

မာယာသီးတွေ စားပြီးမှတော့
စကားတွေလည်း မုသားပါပြီပေါ့..၊
ရှည်လျားတဲ့ သံသရာက
တမာသီးတွေနဲ့ ငါ့ကိုထားခဲ့တယ်..။
မကျေနပ်လဲ ကျေနပ်လိုက်မယ်..၊
တိုက်တယ် ခိုက်တယ်ဆိုတာ
နင်မကြိုက်တဲ့အရာပဲမဟုတ်လား.။ကြိုက်တယ်ကွာ…..။

commentinfo By: ဆည်းဆာ at Aug 2, 2011
Comment #13

ပြုတ်ကျတာ မဟုတ်ပေမယ့်
အထိ နာခဲ့ပါတယ်..၊
သေရာပါအောင် မဟုတ်တာတောင်
ဒဏ်ရာက တော်တော်လေး နက်ခဲ့တယ်..၊
ဒီတစ်သက်တော့
ဘယ်အတွက်မှ ပြန်တွေဖို့မရှိပေမယ့်
နောင်ဘဝထိ ဆက်ချစ်နေချင်တယ်..။ ။
ခံစားပြီး ရေးချက်တွေက ကာင်းလွန်းပါတယ်ဗျာ

commentinfo By: ဖိုးနမ်း at Aug 3, 2011
Comment #14

har,,,,,,,

excellent.

excellent.

excellent.

commentinfo By: ei lay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment