အချစ်နဲ့ ထိတွေ့မိသောအခါ
အထင်ကရ လမ်းပေါ်ကကောက်ရတဲ့
ထင်ရာမြင်ရာ ကောက်ချက်တွေတော့
တစ်ဖက်သက် လာမစွတ်စွဲပါနဲ့…။
တစ်ဇွတ်ထိုးလုပ်တတ်တဲ့
တစ်ဇောက်ကန်းတွေအကြောင်း
နင်ကောင်းကောင်းမသိသေးဘူးထင်တယ်..။
မေ့တတ်တယ် ဆိုတာထက်
မေ့ချင်တာက ပိုများနေတယ်မဟုတ်လား..?။
နင်သွားချင်သွား..
ငါမတားရက်တာ အမှန်ပါ..။
ဝပ်တွားခယ ခဲ့ဖူးတာမှန်ပေမယ့်
အညံ့စား နှလုံးသားတော့ မဟုတ်ဘူး…။
အချစ်ကိုခံစားရုံ သက်သက်ဆိုရင်တော့
အပြင်ကပဲ စောင့်နေခဲ့မှာပေါ့…..။
အညတရ လူသားဆိုပေမယ့်
မျက်နှာများခဲ့သူတော့ မဟုတ်ဘူး…။
လမ်းကူးလတ်က မတ်တတ်ရပ်နေခဲ့တာက
နင်လာခေါ်လေမလား ဆိုတဲ့ မျှော်လင့်မှုပေါ့…။
နောက်ကျနေတယ် ဆိုတာက
နောက်က နေလိုတာ မဟုတ်ဘူး…။
နင်ဖော်ကျူးတဲ့ ဝင်္ကပါ မှာ
ငါမျက်စေ့လည်နေတုန်းပါပဲ…။
ဇော်သက်ဦး
Comment #3
အထင်ကရ လမ်းပေါ်ကကောက်ရတဲ့
ထင်ရာမြင်ရာ ကောက်ချက်တွေတော့
တစ်ဖက်သက် လာမစွတ်စွဲပါနဲ့…။
တစ်ဇွတ်ထိုးလုပ်တတ်တဲ့
တစ်ဇောက်ကန်းတွေအကြောင်း
နင်ကောင်းကောင်းမသိသေးဘူးထင်တယ်..။
အားလုံး ဂွတ်ရှယ်
By: ဖိုးနမ်း at Jul 28, 2011
Comment #4
ဝပ်တွားခယ ခဲ့ဖူးတာမှန်ပေမယ့်
အညံ့စား နှလုံးသားတော့ မဟုတ်ဘူး…။
အချစ်ကိုခံစားရုံ သက်သက်ဆိုရင်တော့
အပြင်ကပဲ စောင့်နေခဲ့မှာပေါ့…..
By: jenny at Jul 28, 2011
Comment #6
အရမ်း မိုက်တယ် သယ်ချင်း မင်း ဘ၀လဲ ကဗျာ အဆုံး မှာ ရစရာကို မရှိတော့သလိုဘဲနော် သူတက်နင်း တာနဲ့လေ
By: pyaephyo at Jul 28, 2011
Comment #8
ဝပ်တွားခယ ခဲ့ဖူးတာမှန်ပေမယ့်
အညံ့စား နှလုံးသားတော့ မဟုတ်ဘူး…။
အချစ်ကိုခံစားရုံ သက်သက်ဆိုရင်တော့
အပြင်ကပဲ စောင့်နေခဲ့မှာပေါ့…..။
ဘာထူးမှာလဲ အပြင်ကစောင့်မှတော့….။
By: ဆည်းဆာ at Aug 2, 2011
Comment #10
really nice,
not only u alone but also she is waiting.
By: ei lay at Aug 19, 2011




Comment #1
အရမ်းကောင်းတရ်.. စာသားတွေအကုန်အလန်းပဲနော်.. ကြိုက်တရ်.. တစ်ပုဒ်လုံးပဲ..