မှားယွင်းတဲ့ ဆန္ဒများနှင့် ထိတွေ့ခြင်း
မုန်းနိုင်တဲ့ သင်္ကေတ တွေကိုဖန်တီး
ခလုတ်ဖွင့်မှ မီးလင်းသလိုမျိုးပေါ့..၊
ကောင်းကင်ဟာ သူဖာသာပြာနေတာ
မင်းဝါသနာနဲ့ ဘာမှမဆိုင်ဘူး..။
သေနတ်ကို မောင်းချိန်လိုက်တိုင်း
ပစ်မှတ်ကို မထိနိုင်ခြင်းက
ညံ့ဖျင်းတဲ့ လေတိုက်နှုန်းကြောင့်တဲ့..၊
မကြည့်ဘဲပစ်လို့ ထိမယ်ဆိုရင်
ဖွင်မပြောဘဲ ချစ်ကြည့်ရအောင်….။
နောက်ကျောဘက်ကို ဓားနဲ့ထိုး
နတ်ဆိုးတွေရဲ့ ကျိန်စာကိုလည်းမမှုဘူး..၊
ဒီကမ္ဘာမှာ အချစ်နဲ့ပက်သက်လာရင်
ငါကိုယှဉ်နိုင်သူ မရှိစေရဘူး…။
နာရီလက်တံတွေကို
ပြောင်းပြန်လည်ချင်ရင်လွယ်တယ်..။
လ က ကမ္ဘာကို ပတ်သလိုတော့
နေ က ကမ္ဘာကို မပတ်လောက်ပါဘူး…၊
အမှန်တရားရဲ့ တစ်ဖက်မှာ
သဘာဝတရားတွေ ကျန်နေသေးတယ်….။
ရှားမီးခဲပေါ်တင်
ရင်ခွဲပြီး မီးကင်မယ်ဆိုတောင်
နဂို ဆန္ဒက လက်ခံမိမှာပါ…။
ချန်ထားခဲ့တာလည်း သိတယ်..၊
ခံစားရမှာလည်း သိတယ်..၊
ပြန်တားလို့မရတဲ့ ငါ့ဆုံးဖြတ်ချက်က
ငါ့ကိုအလဲထို ထွက်ခွါသွားခဲ့ပြီ…။
(မျက်နှာများတဲ့ ချစ်သူကိုမှ
မေတ္တာတွေများခဲ့လွန်းလို့ပါ…..)
Comment #5
စာသားလေးတွေ လှတရ်နော်… ဖတ်လို့အရမ်းကောင်းပါတရ်..
အားပေးခဲ့တရ်..
By: sandi at Aug 1, 2011
Comment #7
ဟုတ်လှချည်လား….။
By: ဆည်းဆာ at Aug 2, 2011
Comment #8
nice poem.
myat hnar myar de so tar….
yee sar tway a myar g htar tar lar?
ta yout p ta you twe p tar ko pyaw tar lar?
ma ti loh mae kyi tar naw.
By: ei lay at Aug 19, 2011
Comment #9
(သေနတ်ကို မောင်းချိန်လိုက်တိုင်း
ပစ်မှတ်ကို မထိနိုင်ခြင်းက
ညံ့ဖျင်းတဲ့ လေတိုက်နှုန်းကြောင့်တဲ့..၊
မကြည့်ဘဲပစ်လို့ ထိမယ်ဆိုရင်
ဖွင်မပြောဘဲ ချစ်ကြည့်ရအောင်….။)
မောင်းချိန်လိုက်တိုင်း ပစ်မှတ်ကိုမထိခြင်းက ညံ့ဖျင်းတဲ့ လေတိုက်နှုန်းကြောင့်မဟုတ်ဘူး….. ညံ့ဖျင်းတဲ့ မိမိကိုယ်တိုင်ကြောင့်ပဲ…. ပစ်ချင်တဲ့ပစ်မှတ်ကိုထိဖိုက မိမိရဲ့ကျွမ်းကျင်မှုနဲ့ လိမ်မာပါးနပ်မှုပဲ……(ဥပမာ… သားကောင်တစ်ကောင်ကိုလိုက်မယ်ဆိုပါဆို……. ဒီသားကောင်ရဲ့ သဘောသဘာဝကို နားလည်အောင်လုပ်ရ မယ်….. ပြီးတော့ ပစ်ခတ်မှုအတွက် ကိုယ်တိုင်ကျွမ်းကျင်ရမယ်…. ပတ်ဝန်းကျင် အနေအထား ….. ပြီးတော့ အချိန်..အကွာအဝေး… လေတိုက်နှုန်း …. နေရာယူတတ်မှု ….. မိမိပစ်ခတ်မှုအတွက်သုံးမယ့် လက်နက်ထိရောက်မှု ….. ကျည်ဆန်ရဲ့သွားနှုန်း …… ပြောမယ်ဆိုရင်တော့ အများကြီးပေါ့….. အဲဒါတွေကို သိမှ … နားလည်မှ …. ကျွမ်းကျင်ပိုင်နိုင်မှ သားကောင်ကို ရတော့မှပေါ့….
မကြည့်ပဲပစ်ရင်ထိနိုင်ပေမယ့်……. ဖွင့်မပြောပဲ ချစ်ကြည့်မယ်ဆိုရင်တော့ ……… အမြဲတမ်းဝေးနေအုံးမှာပဲ…… ကိုယ်လိုချင်လွန်းလှတဲ့ သားကောင်ကတော့ ကိုယ့်သေနတ်ပြောင်းရှေ့မှာဘယ်တော့မှ ရပ်မပေးဘူး…..
(ကဗျာလေးကိုအားပေးသွားပါတယ်….. နောက်ထပ်ကဗျာတွေလည်း ခံစားကြည့်ချင်ပါသေးတယ်….) ခုလည်း အားပေးတယ်…. နောက်လည်း အားပေးနေမယ်…..)
By: kokolatt at Jan 12, 2012




Comment #1
ချန်ထားခဲ့တာလည်း သိတယ်..၊
ခံစားရမှာလည်း သိတယ်..၊
ပြန်တားလို့မရတဲ့ ငါ့ဆုံးဖြတ်ချက်က
ငါ့ကိုအလဲထို ထွက်ခွါသွားခဲ့ပြီ…။ ( အကုန်သိနေသော်လဲလူဆိုတဲ့သဘောကိုက
မီးပုံတိုးချင်တယ်)