လူအ နဲ့ အချစ်
လက်ပျက်တဲ့ လူနဲ့ယှဉ်တာတောင်မှ
ငါကနောက်ကျနေတယ်လေ…
ငါ ဒီလောက်အ နေတာသိရက်နဲ့
ဘာဖြစ်လို့များ လုပ်ရက်တာလဲ…။
တစ် ပြီးရင် နှစ်ပဲဖြစ်ရမှာကို
နင်က သုံးဆိုရင်…
ငါခေါင်းညိတ်ပြခဲ့တာပဲလေ..
ငါ့ဘဝကို
နင့်ဆန္ဒနဲ့ တည်ဆောက်ထားတာပါ…။
တိမ်တွေငိုနေတာမြင်ရတော့
ဘဝရဲ့ မတည်မြဲခြင်းတွေ
ပေါ်လွင်လာတယ်…၊
အချစ်ဆိုတာကလဲ
ရေခဲလို့ခေါ်တယ်တဲ့…။
ခါချနေရတဲ့ နင့်မာနတွေ
ငါ့ကိုယ်ပေါ် တစ်သီကြီးပြန်ပြေးတက်လာတယ်..၊
နဂိုတည်းက ငါက ငတုံး ပဲလေ..
ပြုသမျှကို နုနေတာပေါ့….။
တမာက ခါးတယ်ဆိုတော့
သကာက ချိုမှာပေါ့လို့တွေးတယ်..၊
အချစ်က ခါးတယ်ဆိုတော့
အမုန်းက ချိုသလားမသိဘူး…။
နောက်ဆုံတော့လည်း
တုံးတာကတုံးတာပဲ
ရှုံးတာကရှုံးတာပါပဲ..၊
နင်ဘက်ကမုန်လည်း
ငါ့ဘက်က ချစ်အုံးမှာပဲလေ…..။
ဇော်သက်ဦး
Comment #2
Nice poems ! Keep try and look forward………..
By: May Kha at Jul 25, 2011
Comment #3
အာပေးသွားတယ်
By: Village chat kyi at Jul 25, 2011
Comment #5
အ+ချစ်=အလို့ချစ်တာ(တာရာမင်းဝေ)း)
By: မိုးသစ်လေပြေ at Jul 26, 2011
Comment #9
တင်စားတာလေး တွေကြိုက်ပါတယ်
By: pyaephyo at Jul 28, 2011
Comment #11
တိမ်တွေငိုနေတာမြင်ရတော့
ဘဝရဲ့ မတည်မြဲခြင်းတွေ
ပေါ်လွင်လာတယ်…၊
အချစ်ဆိုတာကလဲ
ရေခဲလို့ခေါ်တယ်တဲ့…။
By: ဆည်းဆာ at Aug 2, 2011
Comment #12
heart hti twar p.
he,,he…
By: ei lay at Aug 16, 2011




Comment #1
ကဗျာအရမ်းကောင်းတရ်…
တမာက ခါးတယ်ဆိုတော့
သကာက ချိုမှာပေါ့လို့တွေးတယ်..၊
အချစ်က ခါးတယ်ဆိုတော့
အမုန်းက ချိုသလားမသိဘူး…။
အကြိုက်ဆုံးအပိုဒ်လေးဘဲ……..